final

369 37 74
                                    

Zawgyi~

ညီလာခံပြီးစ ​​နေမွန်းတည့်​ခါနီးအချိန်​ ။

ရဲတိုက်​၏ဥယျဉ်​ကျယ်ပတ်​ဝန်းကျင်​တွင်​ အ​စောင့်​အကြပ်​တို့ကင်းမဲ့​နေလျက်​ရှိသည်​။အထိန်း​တော်​၊အပျို​တော်​ မည်​သူဆိုလျှင်​မည်​သူမျှ တည်​ရှိမ​နေဘဲအရှင်​နှင့်​ကိုယ်​လုပ်​​တော်​တို့နှစ်​ပါးတည်းသာစံမြန်း​နေလျက်​ရှိသည်​။

ဆော့ဂျင်ကင်​မ်​သည်​ ထုံးစံအတိုင်းနီလာဆံထိုးနှင့်​ဆံနွယ်​များကိုထုံးဖွဲ့ထားပြီး အပြာရင့်​​ရောင်​ကနုတ်​များနှင့်​ဝတ်​ရုံကိုဆင်​မြန်းထား​လေသည်​။နီလာ​လက်​စွပ်​သည်​လက်​သူကြွယ်​ထက်​တွင်​ လှပစွာတင့်​တယ်​​ပြီး မျက်​နှာ​တော်​သည်​ ရွှင်​လန်း​နေလျက်​ရှိသည်​။

ဥယျဉ်​ကျယ်​၏အရိပ်​အလွန်​ရသည့်​တစ်​​နေရာတွင်​စား​ဖွယ်​မျိုးစုံနှင့်​တည်​ခင်းထားပြီး ခုံသုံးခုံတွင်​ တစ်​ခုသည်​စားပွဲထိပ် နှင့်​မျက်​နှာချင်းဆိုင်​တွင်​နှစ်​ခုံစီခွဲလျက်​ဖြစ်​တည်​သည်​။

နဂါးဝတ်​ရုံ​တော်​နှင့်​ အရှင်​သည်​ စားပွဲထိပ်​ရှိခုံတွင်​စံမြန်း​နေပြီးလျှင်​ သူ့ကိုသာအမြဲမပြတ်​ကြည့်​ရှု​နေလို့ ​ဆော့ဂျင်​တပြုံးပြုံးနှင့်​မ​နေတတ်​ဖြစ်​​နေသည်​။အရှင့်​မျက်​ဝန်းပြာများကို​ငေးကြည့်​တိုင်း သူချစ်​မိ​နေ​ကြောင်းပို၍ခံစားလာရသည်​။

သူချစ်​တာကို အရှင်​ဘာ​ကြောင့်​များမယုံ​ပေးရတာပါလည်း..။

ဦးရီးက​တောင်​မှနားလည်​​ပေးပြီး ​အတူလာ​တွေ့မည့်​အ​ရေးကို ကာယကံရှင်​ အရှင်​က​တော့သူ့အချစ်​​တွေကိုယုံကြည်​​ပေးသင့်​ပါသည်​။

"အရှင်​ .. ဦးရီးကလည်းကြာလိုက်​တာ .."

ဆော့ဂျင်​ ခုံတွင်​ထိုင်​​နေရာမှ ပန်းပင်​များထံသို့​လျှောက်​သွားမိ​သော်​ လိုက်​မလာ​သောအရှင်​သည်​ပြုံးရင်းသာကြည့်​ရှု​နေခဲ့ပါသည်​။အရှင်​ဟာ သူ့ကိုစကားပင်​မ​ပြော​တော့ပါ။ကြည့်​သာကြည့်​ရှု​နေခဲ့သည်​။ဒီလိုနှင့်​ဦးရီးနှင့်​အဆင်​မ​ပြေဖြစ်​သွားမှာကိုလည်း ​ဆော့ဂျင်​စိုးရိမ်​ပါသည်​။

BLUE BLOOD { NamJin } Completed !!!Nơi câu chuyện tồn tại. Hãy khám phá bây giờ