six

168 34 2
                                    

Zawgyi~

ဖြစ်​ပျက်​ခဲ့သမျှအရာရာသည်​ မြင်​လွှာတွင်​ထပ်​ခါထပ်​ခါဆိုသလို ဖြတ်​​ပြေး​နေလျက်​ရှိသည်​။ဒဏ္ဍာရီသဖွယ်​မုန်းတီးစွာကြားခဲ့ဖူးပါ​သော အိမ်​​ရှေ့စံ၏နီလာ​သွေးလွှမ်း​နေသည့်​မျက်​ဝန်းကျဉ်းကျဉ်း​တွေ...နားအနားသို့ရိုက်​ခတ်​သွားပါ​သော အထိအ​တွေ့..စကားလုံး​တွေ...။

မြင့်​မြတ်​​တဲ့​တော်​ဝင်​​သွေးပါတဲ့...။သူ့အာရုံမှမထွက်​သည့်​ခပ်​မဲ့မဲ့ပြုံးတတ်​​သောနှုတ်​ခမ်း​တွေက​ပြောသွားသည့်​စကား..။တဆက်​ဆက်​တုန်​​နေ​သော သူ့နှလုံးခုန်​သံများသည်​ မိုး​ရေများကြား​ရောက်​​နေသည့်​တိုင်​ မရပ်​တန့်​နိုင်​​သေး​ပေ။

အချင်းချင်းကုတ်​ခြစ်​ထား၍ လက်​ဖဝါးတွင်​​သွေး​ရောင်​သန်း​နေပြီး ဆံနွယ်​​ကောက်​​ကောက်​တို့သည်​ ပါးပြင်​တွင်​ကပ်​ညိ​နေကြသည်​။မြေပြင်​ထက်​တွင်​ဒူး​ထောက်​ထိုင်​​နေခဲ့ပြီး တစ်​စတစ်​စ​ပျောက်​ကွယ်​သွား​သော ကျားသစ်​၏​သွေးစများကို သူမှင်​​သေစွာ​ငေးသည်​။

"မမ...ကျွန်​​တော်​ သူ့ကို​သတ်​ပစ်​ဖို့ကြံခဲ့​ပေမယ့်​ ကျွန်​​တော်​သိပ်​များ နုံအသွားသလား...."

ချမ်းတုန်​ရင်​​နေပြီဖြစ်​၍ သူ့စကားသံသည်​အဖျားခတ်​စွာသူတစ်​ဦးတည်းကြားရုံထွက်​​ပေါ်လာ​လေသည်​။ရင်​အတွင်းဝယ်​လှိုက်​စားသ​ယောင်​နာကျင်​ရပြီး မမ၏ပုံရိပ်​ကိုပြန်​လည်​မြင်​​ယောင်​သည်​။သူ မကျရှုံးပါ။သူကျရှုံးသွားခြင်းမဟုတ်​ပါ။အိမ်​​ရှေ့စံထံသို့သူကိုယ်​တိုင်​သွားမည်​..။ယခင်​အစီအစဉ်​ကိုသူအ​ကောင်​အထည်​​ဖော်​လိမ့်​မည်​။

လီယို့သစ်​​စေ့ဘူးသည်​လည်း သူ့နံ​ဘေးတွင်​ပြုတ်​ကျ​နေလျက်​ရှိသည်​။ေ​လ​တွေအလွန်​တိုက်​​သော်​ သူ့နံ​ဘေးမှလွင့်​ထွက်​သွားခဲ့သည်​။မိုးကြိုး​တွေ၊မိုးချိန်းသံ​တွေ၊လျှပ်​စီး​တွေ..သူ​ကြောက်​မ​နေခဲ့ပါ။သို့​သော်​..

"​ဆော့ဂျင်​ !"

မိုး​ရေထံတွင်​ဝိုးတိုးဝါးတားကြားလိုက်​ရ​သော သူ့နာမည်​ကို​ခေါ်​သောအသံသည်​ သူနှင့်​တစ်​စတစ်​စနီးကပ်​လာ​လေသည်​။ထွေး​ပွေ့ခြင်းခံလိုက်​ရသည်​။မီးအိမ်​၏အလင်းနှင့်​မြင်​​နေရသူသည်​ ​ဟေလီ...ငို​နေ​သော​ဟေလီဖြစ်​လိမ့်​မည်​..။သို့​သော်​သူ အိမ်​​ရှေ့စံကိုသာမြင်​​နေခဲ့သည်​။

BLUE BLOOD { NamJin } Completed !!!Tempat cerita menjadi hidup. Temukan sekarang