nineteen

196 29 41
                                    

Zawgyi~

ရဲတိုက်​အတွင်းတွင်​ပန်းခြံတစ်​ခုလည်းတည်​ရှိ​နေ​သေးသည်​။အရှင်​သူ့ထံသို့ကြွမလာ​သော​လေးရက်​အတွင်းတွင်​ ဘာကိုမှလှုပ်​မရှားဖြစ်​​သေးဘဲသူ့စိတ်​သူအနားယူဖြစ်​ခဲ့သည်​။မြင်းစီးထွက်​ပြီး​သောည​နေခင်းမှစ၍အရှင်​နှင့်​မ​တွေ့ဖြစ်​ခဲ့ခြင်းဖြစ်​သည်​။ထိုညကလည်း အရှင်​သူနဲ့အတူရှိ​​မ​နေခဲ့​ပေ။

ကြင်​ယာ​တော်​နှင့်​အတူရှိ​နေခဲ့​သောအရှင့်​ကို​တော့ သူလှမ်း​တွေ့ဖြစ်​ခဲ့ရ​သောအချိန်​များလည်းရှိသည်​။အရှင့်​အ​ဆောင်​နှင့်​ သူ့အ​ဆောင်​သည်​သိပ်​မလှမ်းပါ​ပေ။ဧကရာဇ်​၏ကျန်းမာ​ရေးချို့တဲ့​နေသည့်​သတင်း​ကြောင့်​​တော့ သူကြိတ်​ဝမ်းသာသည်​။မမသည်​ထို့ထက်​အဆမတန်​ခံစားခဲ့ရသည်​။

ဧကရာဇ်​ဆုံးခန်းတိုင်​သွားခဲ့မှာကို​တော့ သူနှ​မြောမိသည်​။အရှင်​သူ့​ကြောင့်​နာကျင်​​နေရတာ​တွေကိုမြင်​​စေချင်​​သေးသည်​​လေ..။ယခု..ယခုလက်​ရှိတွင်​​တော့ သူ​သည်​အရှင့်​အားနာကျင်​​စေရန်​မဆိုနှင့်​။ရောင်​စုံပန်းများအားထိ​တွေ့​နေရင်း ပန်းခြံအတွင်း​အထီးကျန်​​နေသ​ယောင်​တောင်​ခံစား​နေရသည်​။

နံနက်​ခင်း၏​ရောင်​ခြည်​သည်​သူ့အ​ပေါ်သို့ထည်​ဝါစွာဖြာကျ​နေလျက်​ရှိသည်​။မ​ပြောင်းလဲ​သောဆံထိုးနှင့်​နီလာလက်​စွပ်​တို့သည်​ ​နေ​ရောင်​အတွင်းတလက်​လက်​ဖြစ်​​သော်​ငြား သူတို့၏ပိုင်​ရှင်​ကို​တော့မှီနိုင်​ဟန်​မထင်​။

"ဒီပန်းခြံကို ဘယ်​သူပိုင်​လည်း ​ဟေလီ .."

အ​နောက်​မှရိုးကျိုးစွာလိုက်​ပါ​လာ​လေ​သော​ဟေလီအား သူ့မျက်​နှာတစ်​ဖက်​​စောင်းလှည့်​လျက်​အ​မေးစကားဆိုမိသည်​။ဟေလီသည်​ သူ့အားတစ်​ချက်​​မော့ကြည့်​ပြီ​နောက်​ ပြန်​လည်​ဦးညွှတ်​သွားခဲ့သည်​။

"ဒီအတိုင်း ​တော်​ဝင်​အထိန်းအမှတ်​ပန်းခြံတစ်​ခုပါပဲ.. အရှင်​မ​ဒေစီရဲ့ ​ဒေစီခင်းက​တော့ ရဲတိုက်​မှာအထင်​ကရအဖြစ်​ဆုံးလို့ဆိုကြပါတယ်​ အရှင့်​သားမ​မီး​ဖွားခင်​ကတည်းက အရှင်​ချီးမြှင့်​ထားတယ်​လို့ဆိုကြပါတယ်​ ကိုယ်​လုပ်​​တော်​.."

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now