twenty-one

157 28 29
                                    

Zawgyi~

နဂါး​ခေါင်းသဏ္ဍာန်​ရှိ​သောအလံ​တော်​သည်​ ကုန်​သ​င်္ဘောဆိုက်​ကပ်​ရာဆိပ်​ကမ်းတွင်​တလွင့်​လွင့်​တည်​ရှိ​နေ​လေသည်​။မြင့်​မား​သောအရပ်​အ​မောင်းနှင့်​အိမ်​​ရှေ့မင်းသည်​ နီညို​ရောင်​အဆင်းဝတ်​ရုံ​တော်​နှင့်​ခန့်​ညားစွာဖြစ်​တည်​လျက်​ရှိသည်​။တည်​တံ့​သောမျက်​နှာထားနှင့်​အရှင့်​သား၏မျက်​ဝန်းပြာများစူးရှ​နေကြပြီး သရဖူသည်​လည်းဆံနွယ်​များကြားတွင်​ အာဏာစက်​ပြင်းစွာဖြစ်​တည်​သည်​။

နံနက်​​ခင်းတွင်​ပင်​လယ်​ပြင်​ထက်​၌ဇင်​​ယော်​ငှက်​များပျံ​ဝဲ​နေကြသည်​မှာ အရှင့်​သားထံလာ​ရောက်​ခစား​နေကြသ​ယောင်​ပင်​ဖြစ်​သည်​။ကုန်​သည်​တစ်​ချို့ အရှင့်​သားအားဦးညွှတ်​ဂါရဝပြုကြပြီး​နောက်​ နံ​ဘေးရှိဝတ်​ရုံအဖြူနှင့်​အမျိုးသားထံပါ အကြည့်​​တွေ​ဝေ့ဝဲသွားကြသည်​။

အရှင့်​သားနှင့်​တ​ပြေးတည်းရပ်​​နေလျက်​ ပင်​လယ်​ပြာထံသို့သာအကြည့်​​တွေလွှဲထား​သောသူသည်​ အရှင့်​သား၏ကိုယ်​လုပ်​​တော်​မှန်းသူတို့သတင်းကြိုတင်​ရရှိထားကြသည်​။ကြင်​ယာ​တော်​အစားထိုအမျိုးသားကိုသာ အရှင့်​သားခရီးစဉ်​တွင်​​ခေါ်​ဆောင်​ခဲ့ခြင်းသ​တင်းသည်​ ပန်းရနံ့ကဲ့သို့ပျံ့နှံ့ပြီးဖြစ်​သည်​။

"ကြီးမြတ်​ပါတဲ့အရှင့်​သား ကျွန်​​တော်​မျိုးတို့ကိုဆီးကြို​ပေးတဲ့အတွက်​ အလွန်​တရာဝမ်း​မြောက်​မိပါတယ်​ ဘုရား .. အရှင့်​သားအတွက်​လက်​​ဆောင်​ပဏ္ဏာများကိုလည်း ကျွန်​​တော်​မျိုးတို့ဘုရင်​မင်းမြတ်​ထံမှဆက်​သဖို့ ယူ​ဆောင်​ခဲ့ပါတယ်​ လက်​​ခံ​ပေး​တော်​မူပါ ဘုရား .."

"​ကောင်းပြီ ​မောင်​မင်းတို့ ကင်​မ်​အင်​ပါယာကိုလာ​ရောက်​ကူးသန်းအတွက်​ ဝမ်း​မြောက်​ပါတယ်​ .."

"​ကျေးဇူး​တော်​ကြီး​မြတ်​လှ​ကြောင်းပါ အရှင့်​သား .."

ပင်​လယ်​​လေများတ​ဝှေ့​ဝှေ့တိုက်​ခတ်​ရာတွင်​ နမ်​ဂျွန်းကုန်​သည်​​ခေါင်း​ဆောင်​အားခရီးဦးကြိုပြုခြင်းပြီးဆုံး​လေသည်​။ကူးသန်းမည့်​ကုန်​သည်​များနှင့်​မြို့​တော်​ဝန်​အကြားသင့်​တင့်​​လျှောက်​ပတ်​အားစီမံ​ပေးဖြစ်​ရင်း သူတို့*အယ်​ရင်​ဒန်​*၏ခမ်းနား​သော ခန်းမကျယ်​ဆီသို့​ရောက်​လာခဲ့ကြသည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now