twenty-eight

166 27 51
                                    

Zawgyi~

နံနက်​အခါကရွာသွန်းထား​သောမိုး၏အရှိန်​နှင့်​ ညခင်းတစ်​ခုတွင်​​အေးမြကြည်​လင်​​နေလျက်​ရှိသည်​။မည်​သည့်​​နေရာမှ သူမကြွမိဘဲ ပတ်​တီးများနှင့်​စည်း​နှောင်​ထား​သောလက်​​မောင်းအားအသာအယာပွတ်​တွယ်​​နေမိသည်​။ရာဇသရဖူသည်​ နံ​ဘေးရှိစားပွဲထက်​တွင်​ဖြစ်​တည်​နေပြီး စိတ်​တည်​တည်​ငြိမ်​ငြိမ်​ရှိ​စေရန်​ စာအုပ်​တစ်​အုပ်​သည်​လည်း သူ့အ​ရှေ့တွင်​ရှိ​နေခဲ့သည်​။

သူ၏နတ်​ဘုရား​​လေး​ပေး​သောဒဏ်​ရာဖြစ်​၍​ကျေနပ်​ပါသည်​။နေ့လည်​က လီယို့အားစိတ်​သက်​သာရာရ​စေ၍ ၊ စိတ်​ထွက်​​ပေါက်​ရ​စေ၍ သူဓားချင်းယှဉ်ခဲ့ဖြစ်​သည်​။သို့​သော်​ငြား လုပ်လိုသမျှ​အရာရာကို​စောင့်​စည်း​နေရ၍ သူ​အ​လျော့​ပေးကာ ဓားသွားအားလက်​​မောင်းသို့နစ်​ခနဲဝင်​သွားခွင့်​ပြုခဲ့မိသည်​။ 

အချစ်​သည်​ သူ့အားမသတ်​ရက်​ပါ။
အချစ်​သည်​ သူ့အား​သွေးထွက်​​စေရန်​ မစွမ်း​ဆောင်​ရက်​ပါ။
အချစ်​၏မျက်​ဝန်းများအတွင်း နာကျင်​သွားရခြင်း​တွေကိုသူမြင်​လိုက်​ရသည်​။ကိုင်​ထား​သောဓားရှည်​ပင်​လျှင်​ လွတ်​ကျသွားခဲ့ခြင်းအခြင်းအရာကိုသူမြင်​​တွေ့ခဲ့ရသည်​။

ထိုအချိန်​တွင်​ လီယိုဟာ ယခင်​နှင့်​မတူညီ​တော့​ကြောင်း နမ်​ဂျွန်းသိရှိလိုက်​ရသည်​။

"အရှင့်​ကိုယ်​လုပ်​​တော်​ကြွလာပါတယ်​ .."

"ဝင်​ခဲ့ .."

တံခါးဖွင့်​သည်​နှင့်​ဝင်​​ရောက်​လာ​သောအဆိုး​လေး၏မျက်​လုံးများအစ်​​နေတာကိုသူ​တွေ့ရသည်​။ကုတင်​ထက်​မှလက်​တစ်​ဖက်​​ထောက်​လျက်​ထပြီး စာအုပ်​ကိုအဖုံးပိတ်​ကာ တစ်​ဖက်​စားပွဲသို့တင်​လိုက်​မိသည်​။သူ့ထံသို့​လျှောက်​လှမ်းလာ​သော​ခြေခုံခပ်​​ဖွေ​ဖွေးများကို သူရင်​အတွင်းနင့်​​နေ​အောင်​ချစ်​သည်​။

"လီယို ..ထူးထူးဆန်းဆန်း.. "

"အင်း ..ထူးထူးဆန်းဆန်း​နော်​ ကျွန်​​တော်​နာကျင်​တတ်​​နေတာ စိတ်​ပျက်​စရာ .."

BLUE BLOOD { NamJin } Completed !!!Où les histoires vivent. Découvrez maintenant