thirteen

162 27 21
                                    

Zawgyi~

ထိမ်းမြှားပွဲပြီး​မြောက်​သွားချိန်​​နောက်​တစ်​​နေ့တွင်​လည်း နန်းတွင်းသူ၊နန်းတွင်းသားများမှာအနားမ​နေရ​သေးဘဲ ရင်​ပြင်​ဝယ်​သန့်​ရှင်း​ရေးများဝိုင်းဝန်းလုပ်​​နေရ​လေသည်​။ဆော့ဂျင်​သည်​ အိမ်​​ရှေ့စံပိုင်​​သောအမှုထမ်းများတွင်​ပါ​သော်​ငြား ပွဲမတက်​ခဲ့ရသူ၊ပြင်​ဆင်​ချိန်​တွင်​ မပါဝင်​ခဲ့ရသူဖြစ်​၍ ယခုသိမ်းဆည်း​ရေးတာဝန်တွင်​ပါလာခဲ့​လေသည်​။

ဆံနွယ်​​ကောက်​​ကောက်​တို့ကိုခပ်​​မြောက်​​မြောက်​စီးထားဖြစ်​ခြင်းတွင်​မျက်​နှာနုနုသည်​ယခင်​နှင့်​မတူညီစွာရှင်းရှင်းလင်းလင်းလှစ်​​ပေါ်​နေသည်​။စည်း​နှောင်​ထား​သောခါးစည်းကြိုး​ကြောင့်​​သေးသိမ်​​သောခါးသည်​လှပစွာဖြစ်​တည်​သည်​။တံ​တောင်​အထိ​ခေါက်​တင်​ထား​သောဝတ်​ရုံ​ကြောင့်​လည်း ​ဆော့ဂျင်​ဟာ အများကြားတွင်​တူမသူစွာ​တောက်​ပ​နေခဲ့သည်​။

သာမာန်​နန်းတွင်းသားတစ်​ဦးဟု​တောင်​ထင်​ရက်​စရာမရှိ​ပေ။

ရင်​ပြင်​တွင်​ရှင်းလင်း​နေစဉ်​သူ့ကိုယ်​ပိုင်​​ရေပုံးထဲတွင်​​ရေကုန်​သွားသည်​ဖြစ်​၍ ​ရေတွင်းတွင်​သွားခပ်​ရ​လေသည်​။ရဲတိုက်​၏ရင်​ပြင်​နှင့်​​ရေတွင်းဟာမ​​ဝေးလှပါ။ထို့​ကြောင့်​ အဆင်​​တော့​ပြေ​နေပါ​သေးသည်​။ရာသီဥတုဟာသာယာသည်​ဆိုသည်​နှင့်​ ပူ​နွေးလာ​လေပြီ။ကျေးရွာတွင်​ဤသို့​သော အပူဒဏ်​ကိုမခံခဲ့ရ​သော​ဆော့ဂျင်​အ​နေနှင့်​ ​ချွေးစတို့သည်​ နဖူးနှင့်​နှာ​ခေါင်းထိပ်​တွင်​ရစ်​သီလာ​တော့သည်​။

ထို့​ကြောင့်​​နေပူထဲမှ​ကွေ့ပတ်​သွား​နေမည့်​အစား သူ​ဆောင်းတန်းတစ်​​လျှောက်​သာပြန်​လည်​​လျှောက်​လာခဲ့လိုက်​​တော့သည်​။ထိုလမ်းသည်​ညီလာခံခန်းမနှင့်​ချိတ်​ဆက်​ထား​သောလမ်းဟူ၍လည်းသူဂရုမပြုမိ​ပေ။

ရေပုံးကိုသာငုံ့၍သယ်​လာပြီး ဘယ်​ကိုမှလည်းအကြည့်​မ​ရောက်​မိ​သလို အာရုံသည်​လည်းမပျံ့မိ​ပေ။ဦးရီး​သင်​ကြား​ပေး​သော ပတ်​ဝန်းကျင်​ကိုမ​မေ့​လျော့သင့်​​သည့်​သတိအား သူဒုတိယအကြိမ်​ မရှိမိခြင်းဖြစ်​သည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now