twenty-three

158 28 24
                                    

Zawgyi~

ညီလာခံတွင်​ဖြစ်​သည်​။စစ်​​သေနာပတိများနှင့်​အရှင်​သည်​ မှန်းဆထားသည့်​အတိုင်း​ဗန်းတစ်​သို့စတင်​ကျူး​ကျော်​လာ​သော ဝမ်​တို့အားထိုးစစ်​ဆင်​ရန်​​အ​ရေး​ပေါ်​ဆွေး​နွေး​နေကြခြင်းဖြစ်​သည်​။စားပွဲဝိုင်း၏အလယ်​တည့်​တည့်​တွင်​လည်း အင်​ပါယာ၏နယ်​နိမိတ်​မြေပုံများတည်​ရှိ​လေသည်​။

"ကျွန်ေ​တာ်​တို့ရဲ့နိုင်​ငံ​တော်​တပ်​ဖွဲ့​တွေ​ဗန်းတစ်​ထဲကိုခုခံအားပြုဖို့ဝင်​သွားပါပြီ အရှင်​ .."

"ထပ်​ပြီးခွင့်​မပြုနိုင်​ဘူး ငါကို​ယ်​​တော်​ကိုယ်​တိုင်​ ​ဗန်းတစ်​ကိုချီတက်​မယ်​ .."

"သင့်​မြတ်လှ​ကြောင်းပါ အရှင်​.."

"​ဗင်းဆန့်​ မင်းက ​ခြေမြန်​တပ်​နဲ့အရင်​ချီတက်​နှင့်​​တော့ ဒီ​နေ့လယ်​မှာ ငါကိုယ်​​တော်​နဲ့​သေနာပတိချုပ်​ကချီတက်​မယ်​ .."

"အမိန့်​​တော်​အတိုင်းပါ အရှင်​ .."

ဧကရာဇ်​၏ကိုယ်​ရံ​တော်​တစ်​ဖြစ်​လဲ ​ဗင်းဆန့်​သည်​ယခုအချိန်​​တွင်​​တော့ ​ဒုတိယစစ်​​သေနာပတိချုပ်တာဝန်​ကိုထမ်း​ဆောင်​ရ​လေသည်​။သူ့အားဦးညွှတ်​လျက်​အလျင်​အမြန်​ ​ဗင်းဆန့်​ထွက်​သွားပြီး​နောက်​ ​သေနာပတိတို့်​သည်​လည်းဦးညွှတ်​ကာအဖြာဖြာထွက်​သွားကြ​တော့သည်​။

နမ်​ဂျွန်းမျက်​ဝန်းပြာတို့သည်​စူးရှ​နေလျက်​ရှိပြီး လက်​​ချောင်းများသည်​လည်းစားပွဲထက်​​သို့တ​ဒေါက်​​ဒေါက်​ထိ​တွေ့​နေလျက်​ရှိသည်​။ရှင်​ဘုရင်​ကိုယ်​တိုင်​စစ်​ချီခြင်းသည်​ ကင်​မ်​အင်​ပါယာသမိုင်းတိုင်းတွင်​ရှိသည်​။ဧကရာဇ်​တို့၏​တော်​ဝင်​​သွေးအဆက်​ဆက်​တို့သည်​ အင်​ပါယာ၏ဂုဏ်​သိက္ခာအတွက်​ အသက်​ရင်း၍​ပေးဆက်​လေ့ရှိကြသည်​။

ခမည်း​တော်​မိန့်​ခဲ့သည့်​စကားလုံးတိုင်းသည်​ သူ့တစ်​ဘဝလုံးတွင်​လွှမ်းမိုးသွားဟန်​ရှိသည်​။တော်​ဝင်​​သွေးအပြည့်​ပါသည့်​သူသည်​ စိတ်​နှလုံးတွင်​သာခမည်း​​တော်​အားထာဝရတွယ်​တာပြီး လုပ်​သင့်​သည်​များကို​နှလုံးရည်​ပြည့်​ဝစွာဆက်​လက်​လုပ်​​ဆောင်​သည်​။

BLUE BLOOD { NamJin } Completed !!!Unde poveștirile trăiesc. Descoperă acum