ten

160 31 20
                                    

Zawgyi~

ဦးရီး​နေထိုင်​​သော​နေရာသည်​ မြို့​တော်​အတွင်းမှာပင်​တည်​ရှိ​သော်​ငြား ရဲတိုက်​နှင့်​အလှမ်း​ဝေးလှသည်​။ဆော့ဂျင်​ ထုံးစံအတိုင်းအနက်​​ရောင်​ဝတ်​စုံရှည်​ကိုဝတ်​ဆင်​ထားပြီး ခ​မောက်​ခပ်​ကြီးကြီးကို​ဆောင်းထား​သေးသည်​။နံနက်​ခင်း​နေထွက်​စအချိန်​ကာလဖြစ်​၍ သူ့ကိုယ်​​ပေါ်သို့​နေ​ရောင်​​တွေတစ်​စ၊တစ်​စဖြာကျတတ်​သည်​။

ဆော့ဂျင်​လက်​ထဲရှိလိပ်​စာပါစာရွက်​အားဆုပ်​ကိုင်​ထားရင်း ​ခြေလှမ်း​တွေသည်​မြန်​ဆန်​​​နေကြသည်​။မြို့​တော်​အတွင်းဝယ်​ မြင်းလှည်းများနှင့်​သွားလာကြသူများရှိသလို၊​ခြေကျင်​သွားလာ​နေကြသူများလည်းအ​တော်​များများရှိကြ​​လေသည်​။

ဗဟို​ဈေးဟု​ပြောကြသည့်​ ​ဈေးတန်းမှလူထူထပ်​​နေမှုကိုလည်း အံကြိတ်​ကာ ဖြတ်​​ကျော်​ပြီး​နောက်​မှာ​တော့ လမ်းကျဉ်းကျဉ်း​တွေကြားသို့​ ​ဆော့ဂျင်​​ရောက်​လာခဲ့သည်​။လူ​တွေနှင့်​အ​နေ​ဝေး​သော​ဆော့ဂျင်​အဖို့ ဒီလိုအ​ခြေအ​နေ​တွေဟာစိမ်းသက်​သက်​နိုင်​လှသည်​။ဝတ်​ရုံ၏​အောက်​ခါးကြားတွင်​အမြဲ​ဆောင်​ထား​လေ့ရှိ​သောဓား​မြှောင်​သည်​လည်း သူနှင့်​အတူပါလာခဲ့သည်​။

လမ်းကျဉ်းကျဉ်းများ၏တစ်​ဖက်​တစ်ချက်​စီတွင်​ ​ဟောင်းနွမ်း​သောအ​ဆောက်​အအုံများရှိပြီး​လျှင်​ လိပ်​စာပါ​နေရာသို့သူ​ရောက်​လာခဲ့သည်​။လာခဲ့​သောတစ်​​လျှောက်​တွင်​ မည်​သူ့ကိုမျှမ​မေးမြန်းခဲ့ရ၍ ​တော်​​သေးသည်​ဟုသူထင်​မိသည်​။

အ​ဆောက်​အအုံ​ဟောင်းနွမ်းနွမ်းများတွင်​ မျက်​နှာချင်းဆိုင်​အခန်းများတည်​ရှိ​လေသည်​။အခန်းအမှတ်​စဉ်​(၄)..စာရွက်အတွင်းရှိအ​ရေးအသားနှင့်​ တံခါးထိပ်​တွင်​ကပ်​ထား​သော အခန်းအမှတ်​စဉ်​တူညီ​ကြောင်း​တွေ့ရှိသည်​။

*​ဒေါက်​ ​ဒေါက်​ *

"ဦးရီး .. ကျွန်​​တော်​ပါ .."

လေသံကိုမတိုးမကျယ်​အ​နေအထားနှင့်​အသံ​ပေးမိ​ပြီး​နောက်​​ ဖုန်​အနည်းငယ်​တက်​​နေ​ပြီဖြစ်​​သောညှပ်​ဖိနပ်​ကိုငုံ့ကြည့်​​နေမိသည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now