fifteen

169 29 36
                                    

Zawgyi~

အချိန်​အ​တော်​လင့်​​နေပြီ။သတင်းတစ်​ခုကို​စောင့်​​မျှော်​​နေရခြင်းသည်​ သိပ်​ရင်​​မောဖွယ်​​ကောင်းသည်​။ဆော့ဂျင်​​​ဆေး​တွေကို​နေထဲထုတ်​လှမ်း​နေရင်း လူ​တွေ၏မျက်​နှာ​တွေကိုလိုက်​ကြည့်​ဖြစ်​သည်​။အကုန်​လုံးပြုံး​ပျော်​​နေကြတာကိုပဲ သူ​တွေ့သည်​။အိမ်​​ရှေ့စံ၏အ​ဆောင်​​တော်​ဘက်​သို့ သူလှမ်းကြည့်​မိ​ပြန်​​တော့ကြင်​ယာ​တော်​ပြန်​ကြွသွားတာ​ကို​တွေ့ရသည်​။

ဘာ​ကြောင့်​ လူတိုင်း၏မျက်​နှာ​တွေသည်​ပြုံး​နေရပါသလည်း...။အိမ်​​ရှေ့စံဟာ ဂျင်​ဆင်းရည်​ကိုမ​သောက်​​သေးလို့လား..။ဆော့ဂျင်​မျက်​ဝန်း​ရှေ့သို့​ဝေ့ဝဲကျ​နေ​သော ဆံနွယ်​တို့အားအသာသပ်​တင်​ပြီး​နောက်​ သက်​ပြင်း​မောတစ်​ချက်​ကိုမှုတ်​ထုတ်​လိုက်​မိသည်​။

အိမ်​​ရှေ့စံကသူသွား​ပေးမိလို့များ သံသယဝင်​ပြီးမ​သောက်​သုံးတာများလား..။ဒါထက်​ တစ်​ခြားတစ်​​ယောက်​ကိုသူ​စေလွှတ်​ခဲ့ရင်​​တော့​သောက်​သုံး​လောက်​ပါသည်​။ဆော့ဂျင်​​ဆေး​ဗန်း​တွေကို​နေထဲလှမ်းထားခဲ့ကာ ​ဆေးထုတ်​ရာအလုပ်​ခန်းကျယ်​အတွင်းသို့ပြန်​လာခဲ့လိုက်​သည်​။လုပ်​သမျှအရာရာလွဲ​ချော်​​နေခဲ့လို့ သူ့ကိုသမား​တော်​သည်​ဆူပူ​နေ​ပြီ။

"​ဆော့ဂျင်​ အရှင့်​သား အ​ခေါ်​တော်​လွှတ်​​တယ်​ .."

အထိန်း​တော်​တစ်​ဦး၏စကားသံ​ကြောင့်​ ​ဆော့ဂျင်​ကိုယ်​အနည်းငယ်​တုန်​သွားခဲ့သည်​။ဂျင်​ဆင်းတွင်​အဆိပ်​ရှိမှန်းအိမ်​​ရှေ့စံမသိ​သေးရန်​ပဲသူ​မျှော်​လင့်​ခဲ့သည်​။

ကျွန်​​တော်​ အလျင်​လိုသွားသလား မမရယ်​။
ကျွန်​​တော်​သူ့ကိုသတ်​ချင်​ခဲ့ရုံပါ ။
-
"အရှင့်​သား ​ဆေးအမှုထမ်း​ဆော့ဂျင်​-"

"ဝင်​ခဲ့ .."

ခပ်​သြသြထိုအသံကိုအကဲခတ်​ရလျှင်​ ​ဒေါသသံမပါမှန်း​တော့သူသတိထားမိသည်။သူ့ကိုအမြဲအကဲခတ်​​နေဟန်​ရှိ​သော ​တော်​ဝင်​​သွေး၏ကိုယ်​ရံ​တော်​ကိုတိုက်​ကာ သူအခန်းအတွင်းသို့ဝင်​လာခဲ့လိုက်​သည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now