sixteen

154 29 20
                                    

Zawgyi~

မိုးသားပြာပြာတွင်​တိမ်​စ​တို့သည်​ သဏ္ဍာန်​များစွာဖြင့်​​နေရာယူထားကြသည်​။ဆော့ဂျင်​မျက်​ဝန်းတို့်​သည်​တိမ်​စများထံတွင်​လွင့်​​မြော​နေပြီး အနာဂတ်​ထက်​ဖြစ်​ခဲ့​သောအတိတ်​​တွေကိုသူ​တွေး​နေမိသည်​။ကျေးရွာမှာ​နေတုန်းက မနက်​ဆိုလျှင်​လီယို့ကိုသစ်​​စေ့​ကျွေးခြင်းကပုံမှန်​လုပ်​​ဆောင်​ချက်​ဖြစ်​သည်​။

ဓား​ရေးကျင့်​သည်​။ဆေးကုသည်​။တောထဲသွားသည်​။ခွန်​အားပြည့်​ဝလှပြီဟုသူ​တွေးထင်​မိခဲ့သည်​။သို့​သော်​ယခုပစ္စုပ္ပန်​နှင့်​နှိုင်းဆ​ရလျှင်​ သူ့ဦး​ခေါင်းထက်​တွင်​ နီလာ​ကျောက်​နှင့်​စီခြယ်​ထား​သောဆံထိုးက​နေရာယူ​လေသည်​။

သာမာန်​​ယောက်ျား​လေးဆံနွယ်​ထက်​ပို၍ရှည်​ပြီး​ကောက်​​သောဆံပင်​တို့ကိုစည်းပြိး​နောက်​ ထိုဆံထိုးကိုသူတို့ဆင်​မြန်း​ပေးထားကြသည်​။ဆံထိုးထံမှတွဲ​လောင်းကျ​နေ​သော ​​ရွှေကြိုး၏ထိပ်​တွင်​နီလာ​ကျောက်​တစ်​ခုနှင့်​အဆုံးသတ်​ထားသည်​။ဒါ​တွေကို သူ့အရိပ်​ထဲတွင်​သူပြန်​လည်​မြင်​​နေရ​လေသည်​။

အပြာရင့်​​ရောင်​ကနုတ်​ထိုး​ထား​သောဝတ်​ရုံသည်​ ခါး​နေရာတွင်​သိမ်​ပြီးလျှင်​ သူ​ခြေခုံအထိဝဲကျ​နေ​လျက်​ရှိသည်​။စုစည်းထား၍​ရှေ့ဆံမြိတ်​​လောက်​သာ သူ့ပါးပြင်​ထက်​တွင်​ဝဲလျက်​တည်​ရှိ​နေ​လေသည်​။တော်​မ​ကောက်​ရ​သေးခင်​မှာပင်​ စံမြန်းရ​သောနန်း​ဆောင်​အတွင်း သူ့သက်​ပြင်းချသံသဲ့သဲ့သည်​ထွက်​​ပေါ်သွားခဲ့သည်​။

ဒီလိုဆိုလျှင်​ သူ​နေမွန်းတည့်​လာသည်​နှင့်​ အိမ်​​ရှေ့စံ၏ကိုယ်​လုပ်​​တော်​ဖြစ်​​တော့မည်​။ရှေ့ဆက်​​ဆောင်​ရွက်​ရမည်​တို့အတွက်​ ဦးရီးကိုသူအမှန်​ပင်​လိုအပ်​ပါသည်​။

"လီယို .."

သိပ်​မုန်း​သောထို​ခေါ်သံကိုမကြားရသည်​မှားသုံးရက်​ပင်​ရှိ​ရော့မည်​။ဒီကြားထဲတွင်​ သူမ​တော်​တရား​တော်​​ကောက်​ခြင်းခံရသည်​ကို​သောင်းကျန်းမ​နေဖြစ်​ခဲ့​သော်​လည်း ရင်းရ​သောမျက်​ရည်​​တွေသည်​ ​ကင်​မ်​မျိုးဆက်​တို့သတ်​ခဲ့​သော​သွေး​တွေထက်​ပိုများလိမ့်​မည်​။

BLUE BLOOD { NamJin } Completed !!!Where stories live. Discover now