intro

665 57 13
                                    

Zawgyi~

၁၇ရာစု​နှောင်းပိုင်းတွင်​ အာရှ၏အ​ရှေ့အလယ်​ပိုင်း၌ အာဏာစက်​အပြင်းဆုံး​သော အင်​ပါယာတစ်​ခုတည်​ရှိ​လေသည်​..။ပင်​လယ်​ကမ်းရိုးတန်းများအထိပင်​​ပေါက်​​ရောက်​ပြီးလျှင်​ ​တောင်​ကုန်း​တောင်​တန်းများ၏အလွန်​​တွေအထိ ကျယ်​ပြန့်​လွန်းလှ​သောအင်​ပါယာကြီးဖြစ်​​လေသည်​။

"ကင်​မ်​"ဧကရာဇ်​နိုင်​ငံ​တော်​..။
နံ​ဘေးရှိနိုင်​ငံငယ်​များတင်​မက အင်​ပါယာများကပါဖိန့်​ဖိန့်​တုန်​​အောင်​​ကြောက်​ရ​လေ​​သော​ ကင်မ်​​ဧကရာဇ်​၏​ကျောရိုးနှင့်​အ​ခြေပြုတည်​​ထောင်​ခဲ့​သော နိုင်​ငံကြီးတစ်​ခု။

နာမ​တော်​ကြားရုံနှင့်​ပင်​ ကျက်​သ​ရေရှိခြင်းအဖြာဖြာတို့စီးဆင်း​နေ​သော​တော်​ဝင်​​သွေးအဆက်​ဆက်​၊ကင်​မ်​ဧကရာဇ်​အဆက်​ဆက်​တို့၏မြှုပ်​နှံခဲ့မှုများအဖြာဖြာစီးဆင်း​နေ​ပါ​လေ​သော နိုင်​ငံ​တော်​ကြီးတစ်​ခုဖြစ်​​လေသည်​။

ထိုည..ထိုသို့​သောလပြည့်​ညလယ်​တွင်​ ဧကရာဇ်​၏​သွေး...အင်​ပါယာ၏အသက်​သည်​ ဖွားမြင်​ရန်​စတင်​လာခဲ့​သည်​။ကောင်​ကင်​ယံတွင်​ လမင်းကြီးသည်​ယခင်​နှင့်​မတူညီစွာပင်​ ခမ်းနားလှပါ​ပေ​သော အရှင်​မ​ဒေစီ၏နန်း​ဆောင်​ထက်​သို့ဖြာကျ​နေလျက်​ရှိသည်​။

မီးဖွားခန်းအတွင်းတွင်​ ​ချွေး​တွေတသီသီစီးကျ​နေပါ​သော အင်​ပါယာ၏မိခင်​..ဧကရာဇ်ချစ်​​သောရင်​​သွေးငယ်​၏မိခင်​သည်​​ဒေစီသင်းရနံ့များကြားတွင်​ခပ်​​မျော့​မျော့သာကျန်​​နေ​တော့သည်​။နန်း​ဆောင်​​ရှေ့ရှိဧကရာဇ်​ချီးမြှင့်​ထား​သော​ဒေစီဖြူဖြူတို့သည်​ ရင်​​သွေးငယ်​ဖွားမြင်​မည့်​ဤယ​နေ့မှ ပို၍သင်း​နေကြ​ချေသည်​။

"သား​ယောက်ျား​လေး အရှင့််​သား​​လေးပါ ဘုရား..."

အထိန်း​တော်​ချုပ်​ကြီး၏ငိုသံစွက်​​သွား​သောစကားသံ​​ကြောင့်​ ကြားမိသူတိုင်းမျက်​ရည်​ယိုကြရသည်​။အပျို​တော်​တို့ ကြမ်းထက်​ဒူး​တွေတွန့်​ချိုးကုန်​ကြပြီး မြင့်​မြတ်​​သော​တော်​ဝင်​​သွေးတို့စီးဆင်း​နေ​သောအရှင့်သားငယ်​ကို ဦးညွှတ်မိကြသည်​။မီးဖွားခန်းအတွင်းသို့မ​စောင့်​စည်းနိုင်​စွာဝုန်းခနဲဝင်​လာ​သော ဧကရာဇ်​၏မျက်​ဝန်းညိုများသည်​ပင်​လျှင်​ မျက်​ရည်​စများနှင့်​။ရင်​​တွေတနင့်​နင့်​ ကင်​မ်​မျိုးဆက်​က​လေးကိုချစ်​လိုက်​ကြ​လေခြင်း..။

BLUE BLOOD { NamJin } Completed !!!Wo Geschichten leben. Entdecke jetzt