🥀Part-1🥀

4.2K 127 12
                                    

(Zawgyi)

🌸Mud (နွံ)🌸

တအုန်းအုန်းရွာနေတဲ့မိုးကို ငေးကြည့်နေတဲ့ရိပေါ် ဘာစကားမပြောပဲ ငြိမ်နေလို့နေသည် ထိုအချိန် အနောက်မှကျန်းချန်က တိတ်ဆိတ်နေတဲ့လေထုကို စကားဖြင့်စတင် ဖြိုခွင်းလိုက်သည်

"ရိပေါ်"

"အင်း"

"မင်းသူ့ကိုတကယ်ပဲ အိမ်ထဲပေးမဝင်တော့ဘူးလား"

"မင်းငါ့ကိုဘယ်လိုစိတ်နဲ့ပြောလိုက်တာလဲ ကျန်းချန်"

ရိပေါ်လှည့်ကြည့်ကာ ရှောင်းကျန့်ကိုပြောလိုက်သည် ထိုအခါ ကျန်းချန်က

"ဟို.....ငါက"

"ရွံတယ် အရမ်းလည်းမုန်းတယ် ငါ့ဘဝမှာမုန်းတီးရွံရှာဆုံးက သူ့ကိုပဲ ကိုယ်ရှိနေပါလျက်နဲ့ တခြားသူနဲ့အီစီကလီလုပ်နေတဲ့ အဲ့ဒီသစ္စာမရှိတဲ့ကောင်ကိုအမုန်းဆုံးပဲ ရွံတယ် ရွံလွန်းလို့ သူရှိနေတဲ့နိုင်ငံမှာတောင်မနေတော့ပဲ ငါထွက်လာခဲ့တာ

သစ္စာတရားဆိုတာကို သူတို့ဘယ်လိုသတ်မှတ်ကြလဲမသိပေမယ့် ကိုယ်နဲ့ပြတ်တာမှ တစ်ပတ်တောင်မကျော်သေးပဲ နောက်တစ်ယောက်ကိုအသာလေးကောက်တွဲလိုက်တဲ့ယောကျာ်းတစ်ယောက်က ဘာတန်ဖိုးမှကိုမရှိတော့တာ သူပြောခဲ့တဲ့ ကိုကို့ကိုမှမရရင် ကိုကိုနဲ့မှမပေါင်းရရင် ဘယ်တော့မှထပ်မချစ်တော့ဘူး ဘယ်သူ့ကိုမှထပ်မတွဲတော့ဘူးဆိုတဲ့စကား အဲ့ဒီတုန်းက ငါနွားမို့ယုံခဲ့တာ!!!! ဟမ်!အဲ့ဒါလားသစ္စာတရား ဘာသစ္စာတရားလဲ အဲ့တုန်းက ထွက်ခဲ့သမျှ သူ့ရဲ့စကားတွေက အခုချိန်ပြန်တွေးကြည့်တော့ ဘာစောက်တန်ဖိုးမှကိုမရှိဘူး!

မချစ်တော့ဘူးဆိုမချစ်တော့ဘူးမပြောပဲ လမ်းခွဲချင်တယ်ဆိုလမ်းခွဲချင်တယ်မပြောပဲ ငါ့ဘက်ကနေ လမ်းခွဲစကားပြောမလာလာအောင်လုပ် ငါလည်းလမ်းခွဲပေးရော သူကနောက်တစ်ယောက်ကိုအသာလေးကောက်တွဲသွားခဲ့တယ် သူတို့ဘာလို့အဲ့လိုလုပ်လဲသိလား အချိန်တန်ပြသနာတက်လာရင်တောင် ငါ့ဘက်ကစပြီးလမ်းခွဲတာမဟုတ်ဘူး သူ့ဘက်ကစပြီးလမ်းခွဲသွားတာဆိုပြီး မသိရင်တော့ သူပဲအထားခဲ့ခံရသလိုလို ငါကပဲသူ့ကိုထားသွားတဲ့လူယုတ်မာကြီးလိုလိုနဲ့ ဟဟဟဟဟဟ မင်းသိလားကျန်းချန်

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now