🥀Part - 5🥀

1.7K 85 10
                                    

(Zawgyi)

🌸Mud (နွံ)🌸

ရှောင်းကျန့်တစ်ယောက် စာကြည့်စားပွဲတွင် စာအုပ်တစ်အုပ် စာတွေရေးလို့နေသည် ။ ထိုအချိန် ဖုန်းcallလေးတစ်ခု

~ဒီး.....ဒီး....ဒီး....~

ရှောင်းကျန့် ဖုန်းကိုကြည့်လိုက်တော့ ဖုန်းခေါ်နေသူက ရိပေါ်ပင် ။ ရှောင်းကျန့် ဖုန်းကိုကိုင်ကာ နားထောင်နေလိုက်သည်

"Helloကိုကို"

"ငါ့ကို ကိုကိုလို့မခေါ်နဲ့"

အေးစက်လှတဲ့သံနေသံထားကြောင့် ရှောင်းကျန့် ပင့်တချက်ရှိုင့်လိုက်သည်

"ကိုကို ကျွန်တော်ပြောတာကိုနားထောင်ပေးပါဦးနော်"

"............."

"ကျွန်တော်....အမှန်တော့လေ ကျွန်တော့်ရဲ့အိမ်စီးပွားရေးကြောင့် ကိုကို့ကို အဲ့လိုဆက်ဆံခဲ့ရတာပါ ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့ ကိုကို"

"ငါ မင်းပါးစပ်ကနေ ထွက်ကျလာသမျှစကားတွေအကုန်လုံးကို ငါမယုံဘူး ငါအခုဖုန်းဆက်တာက မင်းကို ပြောချင်တဲ့စကားရှိလို့"

"ဟုတ်........ပြောပါ ကိုကို"

"လူတစ်ယောက်ရဲ့စိတ်ခံစားချက်ဆိုတာက ကစားလို့ရတဲ့အရာမဟုတ်ဘူး  အချစ်ဆိုတာကလည်း လွယ်လွယ်နဲ့မဖြစ်တည်ဘူး အေး ဖြစ်တည်လာပြီဆိုရင်လည်း တန်ဖိုးထားတက်ရတယ် ငါမင်းကို အရမ်းချစ်ခဲ့တာပါ....ငါ့ဘဝထက်ပိုပြီးတော့ကို ငါမင်းကိုချစ်ခဲ့တာ....ငါ့ရဲ့လက်တွဲဖော်အဖြစ်ထိပါ ငါရည်ရွယ်ပြီး ချစ်ခဲ့တာ....."

ရိပေါ်  အသံယဲ့ယဲ့ဖြင့်ပြောနေသော်လည်း သူ့ရဲ့နာကျည်းမုန်းတီးနေတဲ့စိတ်က အသံတွင် သိသာလို့နေသည် ။ ရှောင်းကျန့် ရိပေါ်ပြောတာတွေကို ပြုံးပြီးနားထောင်နေပါသော်လည်း မျက်ဝန်းမှ မျက်ရည်ပူတွေက တသွင်သွင်စီးကျနေသည်

"ကိုကို"

"မခေါ်နဲ့! ငါ့ကိုအဲ့လိုမခေါ်နဲ့! ငါ့ဘဝမှာ မင်းမရှိတော့ဘူး ရှောင်းကျန့်! ငါ.......ငါ့အပေါ် မင်းလုပ်ခဲ့တဲ့လုပ်ရက်ကြောင့် တစ်နေ့ မင်းကောင်းကောင်းကြီးပြန်ပေးဆပ်ရမယ် ရှောင်းကျန့်!!! ငါ မင်းကို အရမ်းမုန်းတယ်"

🌸Mud (နှံ)🌸 [Complete]Tempat cerita menjadi hidup. Temukan sekarang