(Zawgyi)
🌸Mud (နွံ)🌸
>>လေဆိပ်၌<<
"ဝါး...ပေကျင်းက ငါငယ်ငယ်တုန်းက ရောက်ဖူးတာထက်တောင် ပိုပြီးခေတ်မှီနေပါလား အေးပေါ့လေ ငါပေကျင်းမရောက်တာပဲ အနှစ်၂၀ရှိနေပြီကိုး"
ယန်လီက လေဆိပ်မှ လူသွားလူလာတွေကိုကြည့်ကာ ပေါက်ပေါက် ဖောက်နေပေမယ့် ရိပေါ်ကတော့ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်
"ဟဲ့ ရိပေါ် နင်ဘာတွေလုပ်နေတာလဲ?"
"ကျန်းချန်ကို ဖုန်းဆက်နေတာ"
"အော်အေးအေး ဆက်ဆက်"
ရိပေါ်ဖုန်းကို ကိုင်လိုက်သော ကျန်းချန်
"Hello ရိပေါ်"
"ငါတို့ လေဆိပ်ကိုရောက်ပြီကျန်းချန် မင်းဘယ်မှာလဲ"
"ငါအထဲကိုဝင်လာပြီ မင်းရောဘယ်မှာလဲ"
"ငါက စက်လှေကားအနားမှာ"
ကျန်းချန် မျက်လုံးကိုဝေ့ဝဲရှာလိုက်တော့ တွေ့ပါပြီ ရိပေါ်ကို သို့သော် ဘေးမှာအစစ်ပါလာတဲ့ အရှုပ်ထုပ်ကြောင့် ကျန်းချန်ကြောင်သွားပြီး ဖုန်းချကာ ရိပေါ်အနားကိုသွားလိုက်သည်
"ရိပေါ် ရောက်နေတာကြာပြီလား"
"အင်း အခုပဲရောက်တာ"
"ဒါနဲ့ ဟိုအရူးမက ဘာလို့ပါလာတာလဲ"
ယန်လီ သူ့ကို အရူးမ ဟုခေါ်သောကြောင့် ကျန်းချန်ကိုရန်တွေ့လိုက်သည်
"အမယ် နင်ကများ ငါ့ကိုအရူးမတဲ့ ကျန်းချန်! နင်နာချင်နေပြီလား"
"မဟုတ်လို့လား"
"မဟုတ်ဘူး"
ရိပေါ်က ထို၂ယောက်ကြား နားငြီးကာ
"ကျစ် တွေ့တာနဲ့ကိုက်မနေနဲ့ နားငြီးတယ်"
"ငါဘာမှမလုပ်ဘူး ရိပေါ် ကျန်းချန်အရင်စတာ ဒါနဲ့ ငါဗိုက်ဆာတယ် ရိပေါ်"
"အင်း"
ကျန်းချန်က ယန်လီရဲ့ခရီးဆောင်အိတ်တွေကိုသယ်ပေးကာ
"ကြွပါ မင်းသမီး"
"အဟဟ ဒီလိုပဲဖြစ်နေရမှာပေါ့ မောင်လေးရယ်"
YOU ARE READING
🌸Mud (နှံ)🌸 [Complete]
Fanfiction❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက်မဲ့နေခဲ့တယ် တစ်နေ့တော့ အသစ်ရောက်လာတဲ့ကျောင်းဆရာလေးဝမ်ရိပေါ်ကိုတွေ့ပြီးသဘောကျခဲ့တယ် play boyလေးရှောင်းကျန့်ကို ရိပေါ်မကြိုက်ပေမယ့် သူမသိလိုက...