🥀Part - 8🥀

1.6K 82 2
                                    

(Zawgyi)

🌸Mud (နွံ)🌸

ရှောင်းကျန့် သူ့ရဲ့နှုတ်ခမ်းကို အငမ်းမရ ဆုတ်ယူနမ်းရှိုက်နေတဲ့ရိပေါ်ကြောင့် အသ-က်ရှူမဝဖြစ်လာကာ ရိပေါ်ရင်ဘတ်ကို အနဲငယ်တွန်းတော့ လွှတ်ပေးလာသောရိပေါ်

အချိန်အတော်ကြာပြီနမ်းရှိုက်ထားတာကြောင့် နှစ်ဦးကြားရဲ့ နှုတ်ခမ်းဝတွေမှာ ငွေရောင်ကြိုးလေး‌များသွယ်တန်းလျှက်

ရှောင်းကျန့် ရှက်၍ ခေါင်းငုံ့သွားသည် ။ သူဒီလိုမျိုး တစ်ခါမှ အနမ်းမခံထူးပေ ။ သူရိပေါ်နဲ့တွဲခဲ့တုန်းကလည်း ရိပေါ်က သူ့ကို နှုတ်ခမ်းလေးကို ထိရုံသမျှသာ နှုမ်းဖူးတာမို့ သူဒီလိုအကြမ်းအတန်း အထိ‌အတွေ့မျိုး မထိတွေ့ဖူးပေ ။ 

နမ်းသည်ဟုဆိုရအောင်ကလည်း ရိပေါ်ရဲ့အနမ်းက နုနုယွယွမဟုတ် အကြမ်းအတန်းဖြင့် သူ့ကို မနာနာအောင် နှုတ်ခမ်းသားကို ဆုတ်ယူကိုက်ဆွဲနေသည်ပင် ။ ရိပေါ် ဘာမှမပြောပဲ အိမ်အပေါ်ထပ်သို့ တက်သွားသည် ။ ရှောင်းကျန့် ရိပေါ် အပေါ်ထပ်သို့တက်သွားသည်ကိုကြည့်ကာ ပြုံး၍

"ကိုကိုက နာကျင်အောင်နမ်းပေမယ့်လည်း ကျွန်တော့်အတွက် ချိန်မြိန်တယ်ကိုကို"

ရိပေါ် သူ့အိပ်ယာပေါ် ပြစ်လှဲကာ စောနက အချိန်ကိုတွေးနေသည်

သူ့အရှေ့မှာ မျက်ဝန်းထဲ၌ အရည်လဲ့ကာ နီစွေးစွေးမျက်လုံးဖြင့်ကြည့်နေတဲ့ရှောင်းကျန့်ကြောင့် သူ့စိတ်ကိုယ် သူထိန်းလို့မရဖြစ်ကာ နမ်းိလိုက်သည် ။ သူ့ရင်ဘတ်ကိုတွန်းနေတဲ့ရှောင်းကျန့်ကြောင့် အသ-က်ရှူမဝ၍ဆိုတာကိုသိသောကြောင့် လွှတ်ပေးလိုက်ခြင်း

"ရှောင်းကျန့် မင်းက သိပ်အန္တာရာယ်များတဲ့လူသားပဲ"

................................................................................

မနက်ခင်းနေရောင်ခြည်ကြောင့် ရှောင်းကျန့်နိုးလာကာ မျက်နှာသစ် ရေချိုး အဝတ်အစားလဲကာ ထမင်းစားခန်းထဲသို့ သွားသည် ။ ထိုအခါ ထမင်းစားခန်းထဲတွင် ရောက်နှင့်နေပြီဖြစ်တဲ့ ရိပေါ် ၊ ကျန်းချန်နဲ့ ယန်လီ

"ကျန့်ကျန့် လာ ကျဲနဲ့ထိုင်"

ယန်လီက ရှောင်းကျန့်လက်ကို ဆွဲကာ သူနဲ့ရိပေါ်ကြားတွင် ထိုင်စေသည်။ ရိပေါ်က

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now