🥀🔞Part - 13🔞🥀

2.3K 76 0
                                    

(Zawgyi)

🌸Mud (နွံ)🌸

"လာ အရှေ့ကို"

"ဟုတ် ဟုတ်ကဲ့"

ပျာယာကာ အနောက်ခန်းမှ အပြေးလေး ထွက်ကာ အရှေ့ခန်းမှာဝင်ထိုင်သော ရှောင်းကျန့်။ ရိပေါ်ကိုကြည့်တော့ မျက်နှာက တင်းထန်နေသည်ပင် ။
ရိပေါ် အရှိန်ပြင်းစွာမောင်းထွက်သွားသည်။ ဟိုင်းဝေးလမ်းမပေါ်သို့ရောက်တော့

"ကိုကို ကိုကိုဘယ်တွေသွားနေတာလဲဟင်?"

"......"

လမ်းမ ဘေးဘက်သို့ ထိုးရပ်လိုက်တော့ ရှောင်းကျန့်က

"ကိုကို"

"ပါးစပ်ပိတ်ထား! "

"ဟု ဟုတ်ကဲ့......."

"အဟက် သိပ်ပျော်နေတယ်ဟုတ်လား? အနောက်ကနေ လာဖက်မယ့်အကောင်တောင် ရှိနေပြီလား!! "

" ဟင် ကိုကို ဘာတွေပြောနေတာလဲ?"

"ရှောင်းကျန့်! မင်းကလေ ငါမင်းကိုပြောင်းလဲသွားပြီထင်နေတာ! တကယ်တမ်းကြ မင်းက ဒုံရင်းက ဒုံရင်းပါပဲလားဟ! ငါဒီနေ့ မင်းကိုလာကြိုတယ်ဆိုတာ သိပ်ကြိုချင်နေလို့ မဟုတ်ဘူး!!! မင်းရဲ့သုံးစားမရတဲ့အဲ့အကျင့်တွေကိုသိချင်လို့လာတာ! "

ရှောင်းကျန့် မျက်ရည်ဝဲလာသည် ။ ရိပေါ်ပြောနေတာတွေကို သူနားမလည် ။ ဒါပေမယ့် သူဘာမှမလုပ်ထားတာတော့အမှန်ပင်

"ကို ကိုကို...ဘာတွေပြောနေတာလဲ ကျ ကျွန်တော်နားမလည်ဘူး"

"ဘာနားမလည်တာလဲ!? မင်းအကုန်နားလည်ပါတယ် ဘာလဲ အဲ့အကောင်ကအသစ်လား ရည်းစားဟောင်းပဲလား ဒါမှမဟုတ် ဒီနေ့မှ တွေ့တာတောင် ဒီလိုမျိုး လာဖက်ရဲတယ်ဆိုတော့ မင်းသူ့ကို ဘာတွေများပေးလိုက်သေးလဲ အဟက်"

"ကိုကို!!!!"

ရှောင်းကျန့် သူ့ကိုရိပေါ် ပြောနေတာတွေကို ဟုတ်ဟုတ် မဟူတ်ဟုတ် သူငြိမ်ခံပြီး သည်းခံသည် ။ သို့သော် သူ့ရဲ့ကိုယ်ကျင့်တရားကိုတော့ မစော်ကားစေချင်။ သူဆိုတာ ရိပေါ်တစ်ယောက်အပေါ်ပဲ ပေးဆပ်ခဲ့တဲ့အရာပင်

"အော် အဟက် အဲ့အကောင်အားကိုးနဲ့ ငါ့ကိုတောင် လာအော်‌ရဲနေပြီပေါ့လေ!!"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now