🥀Final🥀

2.5K 112 2
                                    

(Zawgyi)

🌸Mud(နွံ)🌸

မနက်ခင်း ရိပေါ်အိပ်ယာနိုးလာသည်။ မိုးလင်းနေပြီဖြစ်သော်လည်း နေကမထွက်ပေ။ ရိပေါ် လိုက်ကာစကို ဖယ်လိုက်တော့ အပြင်မှာမိုးတွေသည်းထန်စွာ ရွာနေခြင်း။ ‌ခြံထဲသို့လှမ်းကြည့်တော့ မိုးရေထဲတွင် ဒူးလေးတုတ်ထိုင်ကာ တုန်နေသောရှောင်းကျန့် ။ ရိပေါ် မျက်နှာသစ်ပြီး မနက်စာစားရန် အောင်ဆင်းလာတော့ ထမင်းစားခန်းထဲ၌ ကျန်းချန် မျက်နှာမကောင်းစွာပင် ထိုင်နေသည်

"မင်းလုပ်တာက မလွန်ဘူးလားရိပေါ်"

"ဘာကိုလဲ"

"ရှောင်းကျန့် အပြင်မှာ တစ်ညလုံးနေနေရတာနော်...အခုလည်း မိုးတွေရွာနေတာ ၂နာရီလောက်ရှိနေပြီ"

"အဲ့တော့ ငါက ဘာလုပ်ရမှာလဲ"

"ဟာ မင်းအိမ်ထဲခေါ်သင့်ပြီလေ နောက်ပြီး သူဗိုက်ဆာနေရောပေါ့"

"မင်းက သူ့ကိုစိတ်ပူနေတာလားကျန်းချန်...ငါ့အပေါ် သူဘယ်လိုတွေလုပ်ခဲ့လဲဆိုတာကို မင်းမသိ မမြင်လို့များလား"

"ဟို...ငါ...ဟင်း...တောင်းပန်ပါတယ်ရိပေါ်"

"ရတယ် မလိုဘူး သူ့ကိုအဲ့တိုင်းထားထားလိုက် သူဗိုက်ဆာမှာစိုးရိမ်တယ်မလား ရတယ်"

ဆိုကာ ပန်းကန်ပြားတစ်ချပ်ထဲသို့ ပေါင်မုန့်တစ်ချပ်ကိုထည့်ကာ ထသွားသောရိပေါ်။ ခြံထဲသို့ ဆင်းသွားတော့ ရိပေါ်လည်း မိုးရေများစိုသွားသည် ။ ရှောင်းကျန့် သူ့အရှေ့၌ လာရပ်တဲ့သူကို အကြည့်‌ယေးယေးလေးဖြင့်ကြည့်တော့ ရိပေါ်ဖြစ်နေသည် ။

ရှောင်းကျန့် ထရပ်ဖို့လုပ်တော့ တစ်ညလုံးအပြင်မှာ နေခဲ့ရသည့်အတွက် မိုးရေထဲမှာ အအေးမိနေသည့်ကြောင့် ထ,မရကာ မြေပြင်ပေါ် သို့ပြန်လဲကြသည် ။ ရိပေါ် သူ့လက်ထဲက ရေတွေစိုနေပြီဖြစ်တဲ့ ပေါင်မုန့်ပန်းကန်ကို မြေပြင်ပေါ် ချလိုက်သည် ။ ဒါကိုရှောင်းကျန့်က နားမလည်ဟန်ဖြင့် ရိပေါ်ကိုမော့ကြည့်တော့

"စား ငါက ကျွေးချင်လွန်းလို့တော့မဟုတ်ဘူး ကျန်းချန်က မင်းကိုမနက်စာကျွေးခိုင်းနေလို့"

ရှောင်းကျန့် မျက်ရည်များကျလာကာ

"ကျွန်တော့်ကို....ဒီလိုလုပ်မှရမှာလားဟင်....."

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now