🥀Part - 6🥀

1.5K 82 7
                                    

(Zawgyi)

🌸Mud (နွံ)🌸

ရိပေါ် အလုပ်တွေလုပ်ပြီး အိမ်သို့ပြန်ကာ ရေချိုးဇလုံထဲ၌ တစ်နေကုန်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့စေဖို့ရာ ရေနွေးလေးဖြင့် ရေစိမ်နေသည် ။ ရေစိမ်နေရင်း သူ့အတွေးထဲရောက်လာတဲ့ စကားတစ်ခွန်း

(" ကျွန်တော်ကလေ ကိုကို့ကို ဘယ်တော့မှထားမသွားဘူး အရမ်းချစ်တယ်")

အတွေးနှင့်အတူ ဒေါသရိပ်စွတ်လာသော ဝမ်ရိပေါ် မျက်နှာခက်ထန်နေကာ လက်တစ်ကမ်းစာ စဉ်ပေါ်မှာတင်ထားတဲ့ ဖုန်းကို လှမ်းယူကာ ကျန်းချန်ကို ဖုန်းဆက်လိုက်သည်

"Hello ရိပေါ်"

"‌အင်း ငါမေးစရာရှိလို့"

"အင်းမေးလေရိပေါ် ဘာမေးမလို့လဲ"

"......ငါ......ရှောင်းကျန့်အကြောင်းမေးချင်လို့"

"ဟင်? မင်း...မဟုတ်မှလွဲ ငါနဲ့စိတ်ချင်းဆက်နေတာများလား?"

"...? ဘာကိုလဲ? ငါနားမလည်ဘူး"

"ငါလည်း မင်းကို ရှောင်းကျန့်အကြောင်း ပြောစရာရှိတယ်"

"အင်းပြော"

"မင်းလွှတ်ခိုင်းထားတဲ့လူ မနက်က ငါ့ဆီရောက်လာတယ်"

"သူဘာပြောလဲ?"

"သူပြောသွားတာက ရှောင်းကျန့်ရဲ့အဖေ ဆေးရုံတင်ရတယ်တဲ့ ရှောင်းကျန့်က ငိုပြီး သောကတွေရောက်နေတယ်ပြောတယ် နောက်ပြီး ဆေးရုံက ဆေးဖိုးဝါးခတွေလည်း မရှင်းနိုင်ဘူးတဲ့ ရှောင်သူဌေးက အကြွေးတွေလည်း ပတ်လည်ဝိုင်းနေတယ်တဲ့"

"အဟက် ရှောင်အိမ်တော်က ပိုက်ဆံရှိတာပဲလေ သူတို့ရဲ့တိုက်တွေ ကားတွေ Company တွေကို ရောင်းချပြီးပေးလိုက်လို့ရတာပဲမဟုတ်လား ဘာတွေလာဇီဇာချဲ့နေကြတာလဲ"

"မင်းမသိဘူးလားရိပေါ်  Xiao Companyက အခု ရှောင်သူဌေးမပိုင်တော့ဘူးလေ"

"ဘာ? ဘယ်လို? Xiao Company ကို ရှောင်သူဌေးမပိုင်လို့ ဘယ်သူကပိုင်မှာလဲ?"

"ကျင်းကွမ်းယောင်ပိုင်တာ‌ရိ‌ပေါ်"

"ဘာ?"

"ဟုတ်တယ် ကျင်းကွမ်းယောင်ဆီမှာ ရှောင်သူဌေးက အကြွေးတွေ သန်းချီတင်နေတယ် ဒါကို ပြန်မဆပ်နိုင်တော့ ကျင်းကွမ်းယောင်က Company ကိုသိမ်းလိုက်တာ"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now