🥀Part-3🥀

1.8K 87 4
                                    

(Zawgyi)

🌸Mud (နွံ)🌸

ရှောင်းကျန့်တစ်ယောက် ကုတင်ပေါ်တွင် ထိုင်နေကာ ညနေကအကြောင်းကို ပြန်စဉ်းစားနေရင်း

"တကယ်ပဲ ဆရာက ငါ့ကိုမချစ်ဘူးလား? ငါဒီလောက်ဖွင့်ပြောခဲ့တာတောင် ဟင်းးးး ရက်စက်လိုက်တာ crush ကြီးရယ်"

ထိုသို့ပြော၍ သူ့ရဲ့အပူ‌လောင်သွားတဲ့ညာဘက်လက်ကို ဆေးလိမ်းနေသည်

....…...……………………………………………

အတန်းထဲ လူစုံနေသလောက် ယွီပင်းနဲ့ဟောက်ရွှမ်းကတော့ မျက်နှာမကောင်းစွာ ။ ရိပေါ်ဝင်လာတော့ အတန်းထဲကိုကြည့်မိသည်

(ဟင်? ရှောင်းကျန့်ရော?)

ရိပေါ် ထိုသို့စိတ်ထဲမှတွေးကာ လူဦးရေစစ်တန်းစာအုပ်ကို ကြည့်ကာ အစဉ်အတိုင်း လူစစ်လာလိုက်သည်

"ဝမ်ဟောက်ရွှမ်း"

"ရှိပါတယ်ဆရာ"

"ယွီပင်း"

"ရှိပါတယ်ဆရာ"

"ရှောင်းကျန့်"

".......?"

ရှောင်းကျန့်အသံထွက်မလာ၍ ရိပေါ် ရှောင်းကျန့်ခုံကိုကြည့်တော့ ဟောက်ရွှမ်းက လက်ထောင်ပြ၍ မျက်နှာမကောင်းစွာ ထပြောလိုက်သည်

"ဆရာ ရှောင်းကျန့်က ဖျားနေတယ်ဆရာ",

"ဟင်? မနေ့ကမှ အကောင်းကြီးမလား?"

"ဟုတ်တယ်ဆရာ ဒါပေမယ့် ဒီနေ့မနက် ကျွန်တော်နဲ့ယွီပင်း သူ့ကိုသွားခေါ်တော့ သူအရမ်းကိုယ်တွေပူကျစ်နေတယ်ဆရာ"

ဟောက်ရွှမ်းစကားကို ယွီပင်းမှ ထောက်ခံကာ ထပြောလိုက်သည်

"ဟုတ်တယ်ဆရာ လက်မှာလည်းပတ်တီးကြီးနဲ့ အပူလောင်တာလို့ပြောတယ်ဆရာ ညာဘက်လက်ဆိုတော့ သူစာရေးလို့မရတော့လို့တဲ့ဆရာ"

ယွီပင်းရဲ့ဟောက်ရွှမ်းရဲ့စကားကြောင့် ရိပေါ်အရမ်းစိတ်ပူသွားသည် ။ ကော်ဖီပူကြောင့် အပူလောင်ပြီး ဖျားသွားတဲ့အထိတောင်ဖြစ်သွားတာကိုသိတော့ ရိပေါ်စိတ်မကောင်းဖြစ်နေမိသည်

"အင်း ကောင်းပြီ ကဲ စာအုပ်ထုတ်ကြ"

ရိပေါ် သင်ရမယ့်စာတွေကို White Bookမှာ လှည့်၍ရေးနေသည် ။ အနောက်က ဟောက်ရွှမ်းနဲ့ယွီပင်းကတော့ တစ်ယောက်မျက်နှာတစ်‌ယောက်ကြည့်ကာ ပြုံးစိစိဖြင့် ခုံအောက်တွင် လက်ဝါးချင်းတိုက်လိုက်ကြသည်

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now