🥀Part -20🥀

1.3K 63 5
                                    

(Zawgyi)

🌸Mud(နွံ)🌸

ရှောင်းကျန့် စာမေးပွဲခန်းထဲ၌ ချွေးများကျအောင် စာဖြေနေရသည်။ သူမအောင်လို့မဖြစ် သူမအောင်ရင် ရိပေါ်စိတ်ဆိုးမှာကိုသူကြောက်သည်။ အချိန်အတော်ကြာတော့ စာမေးပွဲဖြေဆိုခြင်းအချိန်ပြီးသွားခဲ့သည် ။

ရိပေါ် ကားပေါ်မှာထိုင်နေကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည် ။ ဘေးမှ ကျန်းချန်က

"ရိပေါ် စာမေးပွဲဖြေတာက ရှောင်းကျန့်လား မင်းလားမသဲကွဲတော့ဘူး အဲ့လောက်လည်းစိတ်ပူမနေပါနဲ့ကွာ ရှောင်းကျန့်က စာအတော်ဆုံးကျောင်းသားတစ်ယောက်ဆိုတာကိုမင်းမေ့နေတာလား?"

"ငါသိပါတယ်ကျန်းချန်ရာ"

"သိရင်လည်း မင်းရဲ့ပူပန်နေတဲ့မျက်နှာကြီးကိုနဲနဲလျှော့ပါဦးဟ ဘေးကကြည့်ရတဲ့ငါ အမြင်ကပ်လာပြီ"

ထိုတော့မှ အနဲငယ်တည်ငြိမ်သွားဟန်ဖြစ်သွားတဲ့ရိပေါ်။

"ကျန်းချန်"

"အေး"

"ပန်းစည်းသွားဝယ်ရအောင်"

"ဟမ် ဘာလုပ်ဖို့လဲ"

"ဘာလုပ်ရမှာလဲ ကျန့်ကိုပေးဖို့ပေါ့"

"ဟ! စာမေးပွဲဖြေတာ အဲ့ဒါတွေလိုလို့လားဟ"

"မင်းမလိုတာလေ ငါလိုတယ် သွား ပန်းစည်းသွားဝယ်မယ်"

"အေးပါကွာ...$အတွဲတွေများ ပိုကိုပိုတယ်"

‌ကျန်းချန်နဲ့ရိပေါ် ပန်းဆိုင်သို့သွားကြသည်

..................................................................................

ပန်းဆိုင်သို့ရောက်တော့ ဝန်ထမ်းမိန်းကလေးများက ရိပေါ်တို့ကိုနှုတ်ဆက်သည် ။

"မဂ်လာပါ"

ရိပေါ်နဲ့ကျန်းချန် ပန်းစည်းတွေကိုကြည့်နေတော့ ဝန်ထမ်းမိန်းကလေးမှ

"အကိုတို့ ဘယ်လိုပန်းလေးများလိုချင်တာလဲမသိဘူးရှင့်"

"အော် နီနီရဲရဲလေးဖြစ်မယ့်ပန်းမျိုး အမ်း....ကျူးလစ်အနီရောင်လေးပေးပါ..."

"ဟုတ်ကဲ့ ခဏထိုင်စောင့်ပေးပါဦးရှင့်"

"အင်း"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now