🥀Part - 16🥀

1.4K 72 4
                                    

(Zawgyi)

🌸Mud (နွံ)🌸

ယန်လီက ရှောင်းကျန့်ရဲ့မျက်ရည်လေးတွေကိုသုတ်ပေးတော့ ရှောင်းကျန့်ပြောလာတဲ့စကား

"ကျဲရဲ့ကြာဆွယ်ဟင်းချိုက မားမားချက်တဲ့ကြာဆွယ်ဟင်းချိုနဲ့ အရမ်းတူလွန်းလို့ပါ"

"ဘယ်လို?"

"ဟုတ်တယ်ကျဲရဲ့ အရသာ အနံ့ အားလုံးက မားမားရဲ့လက်ရာအတိုင်းပဲ အဲ့ဒါကြောင့် မားမားကိုသတိရလွန်းလို့ငိုမိတာပါ"

ယန်လီ ရှောင်းကျန့်ခေါင်းလေးကိုပွတ်သ-ပ်ပေးကာ

"အော်...ကျန့်ကျန့်ရယ်...ကျန့်ကျန့်လေးရဲ့မားမားက အခုဘယ်မှာလဲ"

"မားမားက မရှိတော့ဘူးကျဲ ကျွန်တော်၆နှစ်လောက်မှာ ဆုံးသွားတယ်"

"အော်..ဟင်း...."

ကျန်းချန်က

"ရှောင်းကျန့်က ရှောင်လူကြီးမင်းရဲ့မွေးစားသားမဟုတ်ဘူးလား?"

"ဟုတ်တယ်လေ ကော ကျွန်တော့်ကိုအဖေက မွေးစားထားတာ မွေးစားထားတယ်ဆိုပေမယ့် အဖေက ကျွန်တော့်ကိုသိပ်ချစ်တာ"

"ဒါဆို မားမားဆိုတာကရော ဘာလဲ? နားမလည်တော့ဘူး မွေးစားတယ်လည်းဆိုတယ် အမေကလည်းရှိနေတယ်ဆိုတော့...?"

"အော် မားမားနဲ့ အဖေနဲ့က ဇနီးမောင်နှံတွေမဟုတ်ဘူးကော မားမားနဲ့အဖေက သူငယ်ချင်းတွေတဲ့ ကျွန်တော်ငယ်ငယ်က မားမားပြောဖူးတယ်"

"အော် ဒီလိုလား ဒါဆို ‌မင်းအဖေအရင်းကရော ဘယ်မှာလဲ"

"မားမားပြောတာတော့ ကျွန်တော့်အဖေအရင်းက နိုင်ငံခြားမှာလို့ပြောတာပဲကော အမ်း....မှတ်မိသလောက်ဆို မားမားပြောတာက ကျွန်တော့်မှာ အမရော အဖေရော ရှိတယ်တဲ့ သူတို့က ကျွန်တော့်ကိုမလိုချင်ဘူးတဲ့ အဲ့ဒါကြောင့် မားမားနဲ့ကျွန်တော့်ကို ထားခဲ့တာတဲ့"

ပြောရင်း မျက်ရည်ဝဲကာ ငိုလာသောရှောင်းကျန့်။ မျက်နှာတစ်ခုလုံးနီရဲကာ ကလေးတစ်ယောက်လိုငိုနေသည်။

ယန်လီ ခေါင်းထဲတွင် အတွေးများရှုပ်ထွေးနေသည်။ ရှောင်းကျန့်ပြောတဲ့ ပုံစံက သူ့ပုံစံအတိုင်းပင် ။ သိချင်စိတ်က ပိုဖြစ်ပေါ်နေကာ ငိုနေတဲ့ရှောင်းကျန့်ကို

🌸Mud (နှံ)🌸 [Complete]Место, где живут истории. Откройте их для себя