🥀Part -2🥀

2K 91 4
                                    

(Zawgyi)

🌸Mud (နွံ)🌸

ရိပေါ်ဟာ ပညာရေးမေဂျာနဲ့ကျောင်းပြီးခဲ့ပေမယ့် သူ့အဖေကအလုပ်မလုပ်ခိုင်းသေးတာကြောင့် အိမ်မှာပဲ အေးဆေးစာအုပ်ဖတ်ကာနေနေတဲ့သူဖြစ်သည် ။ သူဌေးသားလေးရိပေါ်က ဘာအလုပ်မှမလုပ်ဖူးတာကြောင့် အပြင်လောကနှင့်လည်းအနဲငယ်ကင်းဝေးလို့နေသည် ဒါကြောင့်ချစ်သူရည်းစားဆိုတာက သူ့အတွက်တော့ ဘာမှန်းတောင်မသိပေ

~ဒူးးးးဒူးးးးးဒူးးးးး~

ဖုန်းVibrateအသံကြောင့် ရိပေါ်ဖုန်းကိုကြည့်လိုက်တော့ ခေါ်နေသူက ကျန်းချန်

"ဟယ်လို"

"အေးရိပေါ် ငါမင်းကိုအရေးတကြီးပြောစရာရှိလို့"

ကျန်းချန်ရဲ့အသံက တုန်ရီကာအနဲငယ်ခါနေတာကြောင့် ရိပေါ်ပြောလိုက်သည်

"ကျန်းချန် မင်းဘာဖြစ်နေတာလဲ အသံက‌မကောင်းဘူး"

"ဒီလိုပါကွာ ငါ့မား မနေ့ညက အရေးပေါ်တင်လိုက်ရတယ်ကွာ "

"ဘာ အန်တီကျန်းရန်ဆေးရုံတင်ရတယ်ဟုတ်လား"

"ဟုတ်တယ်ရိပေါ် အဲ့ဒါကြောင့် အခုငါ့မှာမင်းကို အကူညီတောင်းချင်လို့ဆက်လိုက်ရတာပဲ"

"အင်းပြော မင်းမားကလည်း ငါ့မားပဲလေ ငါဘာကူညီပေးရမလဲပြော"

"ငါ မားဆီကို သွားစောင့်ရှောက်ပေးချင်တယ်  ဒါပေမယ့် ငါက ဒီမှာစာသင်နေရတာလေကွာ အဲ့တော့ ငါ့ကျောင်းသားတွေကို ငါဘယ်လိုစိတ်ချပြီးထားခဲ့ရမလဲ သူတို့ကိုဘယ်သူက စာသင်ပေးမှာလဲ အဲ့ဒါကြောင့် မင်းကို အကူညီတောင်းတာ"

"မင်းပြောတာ ငါနားမရှင်းဘူးကျန်းချန် မင်းပြောချင်တာက ငါကမင်းမားဆီသွားတုန်း မင်းရဲ့ကျောင်းသားတွေကို ထိန်းပေးရမှာလား"

"အင်း ဟုတ်တယ် တစ်နည်းအားဖြင့် ငါ့အတန်းကို မင်းကိုအပ်ခဲ့ချင်တယ်"

"အင်းကူညီတာကရပါတယ် ဒါပေမယ့် ဖြစ်ပါ့မလား ငါက မင်းတို့ကျောင်းက ကျောင်းဆရာမဟုတ်တော့"

"မင်းလာနောက်နေတာလားရိပေါ် ကျောင်းကဆရာသာမဟုတ်တာ ငါတို့ကျောင်းရဲ့ဥက္ကဌက မင်းပါးပါးလေ ဘာတွေပြောနေတာလဲ မင်းပါးကိုအပူကပ်လိုက်ရင် ရတာပဲလေ ငါဝိုင်းပြောပေးမှာပါ နော်နော် ကူညီပါကွာ"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now