(Zawgyi)
🌸Mud(နွံ)🌸
"ယန်လီ ကျန့်ကို ငါစောင့်ရှောက်မှာ နင်စောင့်ရှောက်စရာမလိုဘူး"
ငိုကာ အလွမ်းသည်ရင်ဖွင့်နေကြတဲ့မောင်နှမယောက် ရိပေါ်ရဲ့စကားကြောင့် ငိုရာမှရပ်၍ ကြောင်သွားပြီး ကျန်းချန်ကပါ မျက်လုံးပြူးသွားသည်။ ကျန်းချန်က
"ရိပေါ် မင်းဘာပြောလိုက်တာ"
"ကျန့်ကိုငါပဲစောင့်ရှောက်မှာ ဘယ်သူမှစောင့်ရှောက်စရာမလိုဘူး"
ယန်လီက
"ဟဲ့ နင်အဲ့လိုတော့မပြောနဲ့ ကျန့်ကျန့်က ငါ့မောင်လေးနော်"
"နင်အဲ့လိုပြောကြေးဆို ကျန့်က ငါ့ချစ်သူပဲလေ"
ယန်လီ/ကျန်းချန် - "ဘယ်လို..."
"နင်တို့ပြန်တွဲနေတာလား"
ရှောင်းကျန့်က
"ဟုတ်တယ်မမ ကိုကိုနဲ့ကျွန်တော်...ပြန်တွဲနေပြီ..."
ရှောင်းကျန့်က ပါးလေးရဲကာ ပြောတော့ ယန်လီက မျက်မှောင်ကျုံ့ကာ
"ဘာ! နင်တို့တွေ ငါ့ကိုအခုမှပြောတယ်ဟုတ်လား!"
ယန်လီက ဒေါသသံနဲ့ပြောတာကြောင့် ရှောင်းကျန့်လန့်သွားသည် ။
"မ မဟုတ်ပါဘူး မမ ကျွန်တော်တို့ကလေ"
"တော်စမ်း! ဘာမှမပြောနဲ့ အခုမှပြောတော့ အကုန်နောက်ကျကုန်မှာပေါ့! နင်တို့တွေကတော့လေ.. ဟဲ့ကျန်းချန်"
"ဟေ"
"မဂ်လာပွဲအမြန်ဆုံးစီစဉ်ဖို့ နင့်ကို မန်နေဂျာခန့်လိုက်ပြီ"
ယန်လီ့စကားကြောင့် ရှောင်းကျန့်နဲ့ရိပေါ် ပြုံးရယ်သွားကာ ရှောင်းကျန့်လေးကိုဖက်ထားလိုက်သောရိပေါ်။ ယန်လီနဲ့ကျန်းချန်ကတော့ ရိပေါ်တို့ကိုကြည့်ကာ အားကျသောအမူအရာဖြင့် စနောက်ကျီစယ်နေကြကာ တစ်အိမ်လုံးရယ်မောသံတွေနဲ့ ပြည့်နှက်လျက်ပင်
................................................................................
ကွမ်းယောက်တစ်ယောက် လန်လူကြီးမင်း၏ရုံးခန်းထဲတွင် ဘယ်သူမှမရှိချိန် စာရွှက်တွေကို လှန်လောရှာနေသည်။ ရိပေါ်နဲ့ လန်လူကြီးမင်းကတော့ နားနေခန်း၌ တိတ်တဆိတ်CCTVကိုကြည့်နေသည် ။
YOU ARE READING
🌸Mud (နှံ)🌸 [Complete]
Fanfiction❄️ရှေ့နေကျောင်းသားလေးရှောင်းကျန့်ဟာ အချစ်ကိုအယုံအကြည်မရှိဘူး ဘဝကိုပျော်ပျော်သာဖြတ်သန်းပြီး နှလုံးသားကခံစားချက်မဲ့နေခဲ့တယ် တစ်နေ့တော့ အသစ်ရောက်လာတဲ့ကျောင်းဆရာလေးဝမ်ရိပေါ်ကိုတွေ့ပြီးသဘောကျခဲ့တယ် play boyလေးရှောင်းကျန့်ကို ရိပေါ်မကြိုက်ပေမယ့် သူမသိလိုက...