🥀Part - 14🥀

1.7K 72 3
                                    

(Zawgyi)

🌸Mud(နွံ)🌸

ရှောင်းကျန့်လန့်ကာ မျက်လုံးပြူးသွားသည်။ ရိပေါ် ရှောင်းကျန့်ကိုကြည့်ပြီး အဝတ်အစားပြန်ဝတ်ပေးလိုက်ကာ ကားမောင်းရန်ပြင်တော့ ရှောင်းကျန့်

"အိမ်ပြန်ကြတော့မလို့လားဟင်"

"အင်းလေ ဘာဖြစ်လို့လဲ"

ရိပေါ်အနောက်ကိုလှည့်ကြည့်တော့ မျက်နှာလေးရှုံ့မဲ့‌နေတဲ့‌ရှောင်းကျန့်‌ကြောာင့်

"ကိုယ်မင်းကိုစနေတာ အိမ်ရောက်ရင် ထပ်မလုပ်ဘူး စိတ်ချ"

"ဟုတ်ကိုကို.."

"လာလာ အရှေ့ကို"

"ဟုတ်"

ရိပေါ်ဘေးနားခုံမှာထိုင်ကာ ရှောင်းကျန့်အနားယူနေသည်

................................................................................

ရိပေါ် အိမ်သို့ရောက်တော့ ကားရပ်လိုက်ကာ ရှောင်းကျန့်ကိုကြည့်တော့ အိပ်ပျော်နေတဲ့ရှောင်းကျန့်လေး ။ ရိပေါ် ပွေ့ချီကာပဲ အိမ်ထဲသို့ခေါ်လာလိုက်သည် ။ ဧည့်ခန်းထဲမှာ မုန့်ထိုင်စားကာ TVကြည့်နေတဲ့ယန်လီက ‌ရိပေါ်ကိုမြင်တော့ ထပြေးလာကာ

"ဟဲ့ဟဲ့ ကျန့်ကျန့်လေးဘာဖြစ်တာလဲ"

"ရှူး.....တိတ်တိတ်လေး အိပ်နေတယ်"

ထိုအခါမှ ပါးစပ်ကိုအမြန်ပိတ်လိုက်တဲ့ယန်လီ။ ရိပေါ် ရှောင်းကျန့်အခန်းထဲကိုဝင်သွားကာ ကုတင်ပေါ်ကိုချပေးပြီး ကုတင်ဘေးမှာ ထိုင်ကာ မျက်နှာလေးကိုကြည့်တော့

ငိုထားတဲ့မျက်ရည်စတွေကြောင့် ပါးမှာမျက်ရည်စီးကြောင်းရာတွေက အထင်းသား။ ဖြူဖွေးဥနုအသားအရည်လေးနဲ့ အိပ်ပျော်နေတဲ့လူသားလေးက အပြစ်ကင်းစင်လိုက်တာ

"ကျန့်....မင်းရဲ့မျက်နှာလေးက ဖြူစင်သလောက် မင်းရဲ့လုပ်ရက်တွေက မဖြူစင်ခဲ့ဘူး သိလား...ကိုယ်မင်းကို မမုန်းချင်ပါဘူး ဒါပေမယ့်.....မင်းလုပ်ရက်တွေကိုမုန်းတယ်ကျန့် ... မင်းပြောင်းလဲလာခဲ့ပြီဆိုတာကို ခန့်မှန်းမိပါတယ် ဒါကြောင့်လည်း ကိုယ်မင်းကို ပိုအမြင်ကြည်လာတယ်လို့ထင်တယ် ...နောက်လည်း ဒီလိုပဲ ရိုးရိုးသားသားနဲ့ ကိုယ့်အနားမှာ‌ နေပါ ကျန့်...ကိုယ်မင်းကို............အင်း မမုန်းပါဘူး.."

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now