🥀Part -17🥀

1.5K 79 0
                                    

(Zawgyi)

🌸Mud (နွံ)🌸

>>>>၆နှစ်ခန့်ကြာသော်<<<<

ဆေးရုံကုတင်ပေါ်၌ ရှောင်းယွမ် လဲနေသည်။ ရှောင်းကျန့်လေးက ဘေးနားမှ သူ့အမေကိုကြည့်နေကာ

"မားမား နေပြန်တောင်းရာမှာရားဟင် သားပျင်းနေယီ..."

ဆရာဝန်တွေကလည်း စမ်းသပ်လို့အပြီး ရှောင်လူကြီးမင်းနှင့်ဆေးခန်းရုံးထဲတွင် စကားပြောနေသည်။

"ဆရာ လူနာက ဘယ်လိုအခြေအနေရှိလဲမသိဘူး"

"ဟင်း....ရှောင်လူကြီးမင်းတို့ စိတ်ကိုအသင့်ပြင်ထားဖို့ပဲပြောချင်တယ်ဗျာ...လူနာအခြေအနေက လုံးဝမကောင်းပါဘူး..."

"ဗျာ!?...ဘယ်လိုမကောင်းတာလဲဗျာ...ကုသလို့ရမယ့်နည်းတွေဘာတွေရော မရှိတော့ဘူးလားဗျာ"

"လူနာက နောက်ဆုံးအချိန်ကိုရောက်နေပါပြီ ရှောင်လူကြီးမင်း...အခုချိန်မှာ ဘယ်လောက်ပဲပိုက်ဆံရှိနေပါစေ ကုသလို့မရတော့ပါဘူး"

".......ဟုတ်ကဲ့....ဆရာ...."

ရှောင်လူကြီးမင်း ခေါင်းစိုက်ကာ ထွက်လာသည်။ အခန်းထဲသို့ပြန်ဝင်လာတော့ ရှောင်းကျန့်လေးက သူ့အမေလက်ကလေးကို ကိုင်ကာ ဆူပုတ်ပုတ်ဖြင့် ။ ရှောင်းယွမ် ရှောင်လူကြီးမင်းဘက်ကို အကြည့်ဖြင့် ကြည့်တော့ ရှောင်လူကြီးမင်းရဲ့ အသံတိတ်ငိုနေတဲ့မျက်နှာကိုသာတွေ့ရသည် ။

ရှောင်းယွမ် သဘောပေါက်ပါသည်။ သူ့အခြေအနေက ရှောင်းကျန့်လေးရဲ့အနားမှာ အကြာကြီးဆက်မနေနိုင်တော့ဘူးဆိုတာ‌ကိုပေါ့ ။ ရှောင်းယွမ် ရှောင်းလူကြီးမင်းကို တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်

"ရှောင်..."

"ဟေ အေး ငါရှိတယ်သူငယ်ချင်း"

"ငါ့သားလေးကို ဂရုစိုက်ပေးပါဦး"

"အရူးမ ငါ့ကို ဘာတွေလာပြောနေတာလဲ နင့်သားနင်ဂရုစိုက်ရမှာလေ ငါနဲ့ဘာဆိုင်လို့တုန်း"

"ငါသိပါတယ် ငါ့အခြေအနေကို....ကျေးဇူးပြုပြီး ငါမရှိတော့တဲ့အခါ ငါ့သားလေးကို နင့်သားအဖြစ် မွေးစားပေးပါနော်....ငါ့သားလေး မိဘမဲ့ဖြစ်မှာကို ငါမကြည့်ရက်လို့ပါ"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now