International Play Boy Mg into

8.2K 233 8
                                    

U

" ကျွန် ကျွန်တော် Jeon Jeon Jungkook shi ကိုသ သဘောကျတယ် ကျွန်တော် နဲ့တွဲကြည့်မလား Jeon Jungkook shi "

Jungkook ရှေ့တွင်ရပ်နေပါသော ကောင်လေး
သြရှရှအသံလေးနဲ့ ပိန်ပိန်ပါးပါးကောင်လေး
ကြောက်နေပုံပင် အသံတောင်တုန်နေသည်။

" တွဲကြည့်တာပေါ့ ရော့ "

Jungkook ရှေ့ကကောင်လေးဆီကို သူ့ဖုန်းထိုးပေးလိုက်ပြီး

" မင်းဖုန်းနံပါတ်မှတ်လိုက် "

ကောင်လေးက အလန့်တကြားနဲ့ Jungkook လက်ထဲက ဖုန်းကို တုန်တုန်ရီရီယူပြီ သူ့ဖုန်းနံပါတ်ကိုမှတ်လိုက်သည်။

" ညကျရင် messages ပို့လိုက်မယ် "

" ဟုတ် "

ကြောင်အအနဲ့ ပြန်ဖြေပါသော ကောင်လေး

" ဒါနဲ့ မင်းနာမည်ဘယ်သူလဲ "

" K Kim Taehyung ပါ Jeon Jungkook shi "

" မှတ်ထားလိုက်မယ် ကောင်လေး "

မျက်လုံးတစ်ဘက်မှိတ်ပြ ခပ်မိုက်မိုက်လှည့်ထွက်လာလိုက်သည်။
နောက်ကိုတစ်ချက်တောင် လှည့်မကြည့်  အဲတာ Jeon Jungkook ဆိုတဲ့ သူစတိုင်ပင်။

Jeon Jungkook ဆိုတဲ့ သူက ဥစ္စာပေါ ရုပ်ချော ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ထိုက်တန်သူပင်။
ညဏ်ကကောင်းလွန်းသဖြင့် အတန်းကျော်ခွင့်ရသူ။ အမှန်ဆို သူကအခုမှ အထက်တန်းဒုတိနှစ်ဖြစ်ရမယ်ဆိုပေမဲ့ အတန်းကျော်ပြီး အခု တက္ကသိုလ်ပထမနှစ်ပင်။ အားကစား စာအဘက်ဘက်က ပြည့်စုံသူပင်။ မိဘအသိုင်းအဝိုင်းကလဲ ဆွေစင်မျိုးဆက် ကျိကျိတက်ချမ်းသာလွန်းသည်။
Jeon လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုတွေက လက်ညိုးထိုးမလွှဲပင်။
တစ်ခုပါဘဲ။ ရန်ဖြစ်၊ ရည်းစားပွေရှုပ်၊
ဆေးလိပ်သောက်၊ အရက်သောက် လူဆိုးလေးဖြစ်နေခြင်းပင်၊
တက္ကသိုလ်ရောက်တာ နှစ်လမပြည့်သေးပေမဲ့ သူဂုဏ်သတင်းက ကြောက်စရာကောင်းလောက်အောင်ကျော်ကြားသည်။
ဒီနှစ်လအတွင်း ရည်းစားစကားလာပြောတဲ့ မိန်းကလေးတွေက ရေပင်မတွက်နိုင်အောင်ပေ။
ယောကျာ်းလေးတော့ တစ်ခါမှ Jungkook မတွဲဘူးပေ။ စမ်းကြည့်ချင်မိသည်။ အဲဒါကြောင့် အဖြေပြန်ပေးမိချင်ပင်။ ကောင်လေးကတော့ တွဲမည်ဟုပြောတော့ မျက်လုံးပြူးမျက်ဆံပြူး အံသြနေသည်။ ကောင်လေး ကြည့်ရတာ သူအဖြေပြန်ပေး လိမ့်မယ်မထင်ထားပုံ။

International Play Boy MgWhere stories live. Discover now