International Play Boy Mg_3

2.2K 140 3
                                    




Taehyung ကျောင်းကပြန်လာထဲက ဖုန်းလေးတကြည့်ကြည့်ပင်။
မမျှော်လင့်ပါဘူးပြောနေပေမဲ့ တကယ်ချစ်မိတာကြောင့် မျှော်လင့်မိပြန်သည်။ Taehyung ဒီလောက်တော့ လုပ်ပိုင်ခွင့်ရှိသည်မလား၊

Jimin ကတော့ Min Yaung အကိုအိမ်မှာ ဒီနေ့ကစပြီးသွားနေတာကြောင့် အိမ်မှာမရှိပေ။

Taehyung ဝရန်တာကနေ ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ Taehyung ကြယ်လေးတွေကို သဘောကျသည်။ ဒါပေမဲ့ ကြယ်တွေနဲ့တူတဲ့ မျက်ဝန်းပိုင်ရှင် Jeon Jungkook ကိုပိုသဘောကျသည်။

Jeon Jungkook မိန်းကလေးပေါင်းစုံနဲ့ တွဲနေတာကို Taehyung မနာကျင်ရပါဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့၊
ကိုယ်ချစ်မြတ်နိုးတဲ့သူက ကိုယ်မဟုတ်တဲ့ မိန်းမတွေနဲ့ သာယာနေတာမြင်ရတာ Taehyung အတွက်ငရဲပေ၊

အဲတာကြောင့်လဲ Taehyung Jeon Jungkook ကိုဝေးဝေးကရှောင်ခဲ့သည်။

Jeon Jungkook ရဲ့ မိန်းမတွေနဲ့ပျော်ပါးနေတဲ့ မြင်ကွင်းတွေကိုမကြည့်နိုင်တာကြောင့်ပင်။

Jeon Jungkook အဖို့က ယောကျာ်းလေးဆိုသည်မှာ မယားလုဖက် ရန်ဖြစ်ဖက်သာသာပင်၊

မိန်းမတစ်ယောက်အတွက် ချစ်ရပါသောသူက ကိုယ်နဲ့ ရန်ဖြစ်ရမယ်ဆိုရင် Taehyung ရင်နာပြီး သေသွားနိုင်သည်။

အဲတာကြောင့် လာကြိုက်သမျှကို ငြင်းခဲ့တာပင်။

မိန်းကလေးအပေါင်းအသင်းဆိုလဲ Min Yaung တစ်ယောက်ရှိသည်။

ကျန်တဲ့မိန်းကလေးဆို စကားတောင်မပြော။

အတွေးထဲမှာနစ်မွန်းနေသည့် Taehyung ကို သတိဝင်အောင် လုပ်လိုက်ပါသော ဖုန်းမြည်သံ

Taehyung အပြေးလေးကိုင်မိတော့ မျှော်မှန်းထားသူမဟုတ်ပါသော Mochi ဆိုတဲ့ ခေါ်ဆိုသူ

Taehyung စိတ်ဓာတ်နည်းနည်းကျသွားပေမဲ့ ကိုင်လိုက်ပါသည်။

" အွန်း Mochi ပြော "

" Taetae "

" အွန်း အဆင်ပြေလား အဲမှာ "

" ပြေပါတယ် Yoongi ကိုကိုက ငါကို ညစာတောင်ချက်ကျွေးတယ် ဟီး "

" သာယာနေတယ်ပေါ့လေ 
ဟုတ်လား "

" မဟုတ်ပါဘူး Taetae လေးကိုသတိရနေတာ "

International Play Boy MgWhere stories live. Discover now