International Play Boy Mg _17( Past _2 )

2.6K 137 18
                                    

ကိုယ်လုံးသွယ်သွယ်လေးကို ကောက်မကာ Jungkookအခန်းထဲကို ခပ်မြန်မြန်သွားလိုက်သည်။
Kim Taehyungကတော့ ရုန်းနေပေမဲ့
အားအရ သူနဲ့မယှဉ်နိုင်ပေ။

အခန်းထဲရောက်တော့ ကုတင်ပေါ်ကို  ငြင်ငြင်သာသာလေးချပေးကာ

" ကျွန်တော်ကို စိတ်ဆိုးနေတာလား ဟင်လို့ ခင်ဗျားရယ် စိတ်မဆိုးပါနဲ့နော် "

ကြောင်လေးတစ်ကောင်လို့ Kim Taehyung ကို ကပ်ချွဲနေပေမဲ့ တုန့်ပြန်မှုမရှိပါ။

အရင်ကဆို သူအဲလိုလေးပြောလိုက်နဲ့ ဘယ်လောက် အမှားကြီးကြီး ခွင့်လွှတ်ပေးတက်သူ Kim Taehyung

" Jungkook ငါအိပ်ချင်ပြီ "

" Kim Taehyung!!! "

ချော့နေတာတောင် အချိုးမပြေတဲ့လူကို အသံမာမာအော်လိုက်မိသည်။
မော့ကြည့်လာတဲ့ ထိုလူမျက်၀န်းတွေဟာ ကွဲကြေနေသလို့ သူကိုစိတ်ပျက်နေလို့

ဟင့်အင်း မဖြစ်ရဘူး။
အဲလို့မျက်၀န်းတွေနဲ့ မကြည့်နဲ့။
Kim Taehyungကို သူမုန်းပေမဲ့ ထိုလူက သူကိုအမြဲချစ်ရမယ်လေ။

" ပြော Jungkook "

လေသံကိုအတက်နိုင်ဆုံးထိန်းကာ

" ကျုပ်ကို ချစ်တယ်ပြောပါဦး Kim Taehyung "

" ငါပင်ပန်းလို့ နားချင်ပြီ "

သူတောင်မေးစရာမလိုအောင် အမြဲချစ်တယ်ပြောတက်တဲ့ Kim Taehyungဟာ သူမေးတာတောင် မဖြေချင်သလို့ ရှောင်နေသည်။

" ပြောစမ်းပါ ခင်ဗျားရာ "

" ငါနားချင်ပြီ "

" ကျွန်တော်တို့စကားပြောရအောင်လေ "

" Jungkook ငါနားချင်ပြီ "

လျစ်လျုရှုနေတဲ့ ထိုလူက သူဒေါသကို လာဆွနေသလို

" တောက်စ် Kim Taehyung ခင်ဗျားအသစ်တွေ့နေတာလား ဟမ်!!!! ကျုပ်နဲ့စကားမပြောချင်လောက်အောင် "

မဆိုင်တာကို လာမဲနေတဲ့ မောင်။

" မဆိုင်တာမပြောနဲ့ Jungkook "

" အဲတာဆို ပြောစမ်းဦး ကျုပ်ကိုချစ်တယ် မပြောနိုင်တဲ့ အကြောင်းအရင်း "

" အကြောင်းပြချက်မရှိဘူး  ငါမပြောချင်လို့ "

"  Kim Taehyung ခင်ဗျားစောက်ချိုးတွေပြောင်းနေတာ အေး ခင်ဗျား ဖောက်ပြန်ရဲဖောက်ပြန်ကြည့် နှစ်ယောက်လုံးကို အရှင်မထားဘူး "

International Play Boy MgWhere stories live. Discover now