international Play Boy Mg_ 23

2K 157 23
                                    

" သားငယ် "

မေမေရဲ့ခေါ်သံကြောင့် Jungkookကျောင်းသွားပြန်ရာမှ ဧည့်ခန်းဘက်သို့ အကြည့်ပို့လိုက်သည်။

" ဟုတ် မေမေ "

" သားငယ် Soyaက သားနဲ့ မင်္ဂလာ၀တ်စုံသွားကြည့်မလို့တဲ့ "

Jungkookစိတ်ရှုပ်မိသည်။
Kim Taehyungရဲ့ စိတ်ကိုသိသွားကတဲ့က သူဟာ Kim Taehyungကို ချစ်တယ်ဆိုတာ သူကိုယ်သူသိခဲ့သည်။
လက်လွှတ်ဖို့လဲ အတွေးမရှိ။
အဲကြောင့် သူဒီနှစ်လအတွင်း လိမ်မာပြခဲ့လေသည်။
ဒါပေမဲ့ သူမွှေးခဲ့မီးက သူကို‌လာလောင်နေတော့သည်။
Lee Soya

သူလည်း ရှုပ်နေတဲ့စိတ်အစဉ်ကို စုစည်းထိန်းသိမ်းကာ

" ဟုတ် မေမေ "

ပြောပြီးအခန်းထဲသွား၀င်ခဲ့တော့သည်။

အခန်းထဲရောက်ရောက်ချင်း နံရံမှာ ကပ်ထားတဲ့ ဓာတ်ပုံလေးက သူလူ့

" မောင် ပြန်ရောက်ပြီ အချစ် မောင်ကိုလွမ်းနေလား
မောင်ကတော့ ခင်ဗျားကို သိပ်လွမ်းတာဘဲ "

ဟုတ်ပါသည်။
သူနေ့တိုင်းနီးပါး Kim Taehyungရဲ့ ဓာတ်ပုံလေးကို ကြည့်ပြီးစကားပြောလေ့ရှိသည်။

ဘေးလူမြင်ရင် သူဟာ သူတန်ဖိုးမထားခဲ့တဲ့သူမှာမရှိတော့တဲ့ အရာတစ်ခုကို အခုမှ တန်ဖိုးထားပြနေသလို့ဖြစ်တာပေါ့။

မဟုတ်ဘဲလေ။
ထိုလူမရှိမှာ Jungkookသူ့ Kim Taehyungကို သိပ်ချစ်မှန်း ကိုယ်ကိုကိုယ်သိခဲ့ရသည်။

" မောင်ဘ၀မှာ နောင်တအရဆုံးကလေ ခင်ဗျားအချစ်တွေကို မမြင်ခဲ့တာနဲ့ မောင်အချစ်ကို သေအောင်ချစ်တယ် ဆိုတာ မသိခဲ့တာဘဲ မောင်အပြစ်တွေကို ပြန်ပေးဆပ်မှာမို့ ခင်ဗျားက မောင်အနားမှာရှိနေပေး "

" မျက်နှာပြောင်တိုက်တယ်ပြောပြော အရှက်မရှိဘူးပြောပြော ‌ခင်ဗျားကို မောင်ကလွဲပြီး ဘယ်သူမှမပိုင်ဆိုင်စေရဘူး "

....

" Jeon ရောက်လာပြီလား "

" ဟုတ် Soya "

Soyaတစ်ယောက် Jeon ရောက်လာလိမ့်မယ်ထင်မထားပါ။

သူမလို့ ရင်ကျက်နေပြီးတဲ့ အမျိုးသမီးတစ်ယောက်က Jeonလို့ ခပ်ဆိုးဆိုးကောင်လေးနဲ့ တွေ့တိုင်း ပြာယာခပ်ရစမြဲ။

International Play Boy MgWhere stories live. Discover now