International Play Boy Mg _28

1.9K 126 6
                                    

ဒူးထောက်လျှက်နဲ့ လက်အုပ်တောင်ချီနေသော မောင်

မင်းကိုမြင်ရတာ ငါနာကျင်လိုက်တာကွာ

" မင်းအမျိုးသမီးဆီကိုဘဲ ပြန်ပါ
အဲအမျိုးသမီးအတွက်နဲ့ ငါကိုတောင်စွန့်ပစ်လောက်တဲ့ထိ မင်းရဲ့အမျိုးသမီးကို ချစ်တယ်မလား "

" မဟုတ်ပါဘူး မောင်ဘ၀မှာ ခင်ဗျားကိုသာ ချစ်ခဲ့တာ မောင့်ရဲ့ပထမဆုံးအချစ်ကလည်း Kim Taehyungဆိုတဲ့ ခင်ဗျားဘဲ နောက်ဆုံးအထိချစ်သွားမှာလည်း ခင်ဗျားကိုဘဲ "

ငါလည်း မင်းကိုဘဲချစ်ခဲ့တာပါ
နောက်ဘယ်သူကိုမှ မချစ်နိုင်လောက်တဲ့ထိ မင်းကိုဘဲချစ်ခဲ့တာ မဟုတ်ဘူး ချစ်နေဆဲ

Taehyungစိတ်ထဲကသာ ဟစ်အော်နေလေသည်။

" တော်ပြီ Jungkook ငါနဲ့ငါ့မိသားစုကို ဆက်မပတ်သက်ပါနဲ့နော် "

" နေပါဦး သား သားက မောင့်သားမဟုတ်လား "

" သားကို မင်းရဲ့သားပါလို့ပြောရအောင် မင်းမှာ အခွင့်အရေးမရှိဘူး Jungkook
သားက Kim Taehyungဆိုတဲ့ငါရယ် Park Bogumဆိုတဲ့ လူရယ်ရဲ့သား Park Yejun "

" မောင့်မှာ သားလေးရဲ့ အဖေဖြစ်ခွင့်တောင် မရှိတော့ဘူးလား ခင်ဗျားရယ် "

" အဲအခွင့်အရေးနဲ့ပိုင်ဆိုင်မှုတွေကို မင်းကိုယ်တိုင် ရိုက်ချိုးဖျက်စီးခဲ့တာလေ Jungkookရဲ့
အစကနေပြန်စဉ်းစားကြည့်ပါဦး မင်းလုပ်ယူခဲ့တဲ့ အရာတွေဘဲ "

" မောင်မှားမှန်းသိပါပြီ မောင်အတ္တကြီးတယ်လို့ပြောပြော ခင်ဗျားနဲ့သားက မောင်ပိုင်တဲ့အရာ "

" အတ္တကြီးလွန်းတယ် Jungkook
မင်းမပြောင်းလဲသွားဘူး မင်းရဲ့အမှားတွေကို မင်းနားလည်ရင်တောင်မှာ အခုချိန်မှာနောက်ကျသွားပြီ Jungkook "

ပြောပြီး Taehyung ထိုနေရာမှထွက်လာခဲ့လေသည်။

မောင်ကတော့ နောက်ကနေလိုက်မလာပါ။

Taehyungသူကိုယ်သူ ရယ်ချင်မိပါလေသည်။

ဘာမှမမှတ်မိတာတောင် သူရင်ခုန်သံက မောင်အပေါ်တွင် မပြောင်းလဲခဲ့၊

ငါမှာ နှလုံးသားနှစ်ခုရှိခဲ့မယ်ဆိုရင်တောင်
ငါမင်းကို နှစ်ခါချစ်မိလိမ့်မယ်ထင်တယ်

International Play Boy MgWhere stories live. Discover now