International Play Boy Mg Past 34

1.1K 72 11
                                    


" အချစ် "

" အင်း "

Jungkookရဲ့ ခေါ်သံချိုချိုလေးကို ပျင်းတိပျင်းတွဲ့အသံနဲ့ တုန့်ပြန်နေတဲ့ Taehyung

သူအမှားတော့မဟုတ်ပေ။
အခုနောက်ပိုင်း Jungkookအပေါ်သူပြန်လျော့ပြီးဆက်ဆံနေတော့ ငလူးလေးက သူရုံးခန်းထဲထိ ပိုင်စိုးပိုင်နက်နဲ့ သူအိမ်သူယာလို့ သဘောထားကာ အလုပ်ချိန်တောင်မချန် နှောင့်ယှက်နေတော့သည်။
သူက မျက်စောင်းလေးနဲ့ဆွေကြည့်ရင်တောင်

မျက်လုံးလေး အရည်လဲ့စွာနဲ့
" အချစ်က မောင့်ကို ငြိုငြိုင်နေသလား "ဆိုပြီး ချွဲ‌တော့သည်။

ယုန်ပေါက်လေးအတိုင်းပေ။သူမှာ ဆူရခက်ခက် နေရခက်ခက်ပေ။
ယခု Jungkookရဲ့ အကျင့်များကို သူလုံး၀မသိချေ။

" အချစ်..... "

" အင်း "

နောက်တစ်ကြိမ်ထပ်ခေါ်လဲ Taehyungအသံကာပြောင်းလဲသွားခြင်းမရှိ။
ဒါပေမဲ့ Jungkookကတော့ ဘေးကနေ သူကို မေးထောက်ကြည့်ကာ

" မောင့်အချစ်.... "

" အင်း "

စာရွက်တွေကိုဘဲ ကြည့်နေတဲ့ Kim Taehyung

ဘယ်လိုဘဲ ကြည့်ကြည့် Jungkookမြတ်နိုးတဲ့အမျိုးသားသည် ကြည့်ကောင်းကာတင့်တယ်နေပြန်တော့သည်။

မောင် ခင်ဗျားကိုချစ်လွန်းလို့ ရူးတော့မယ် Kim Taehyung

အခုနောက်ပိုင်း သူအပေါ် ‌ကောင်းကောင်းမွန်မွန်‌ဆက်ဆံလာတဲ့ Kim Taehyungကြောင့် သူအကြံတွေ အကောင်လိုက် အထည်လိုက်ပေါ်နေသည်ကို သူခန့်မှန်းမိသည်။

အကြံတွေ အကောင်တွေအထည်တွေပေါ်လာရင် လူကိုအပိုင်သိမ်းဖို့ဘဲ ကျန်တော့တယ် ဟဲ ဟဲ

" မောင်တို့လေ ဒီည Dinnerစားရအောင် မောင်ချက်ကျွေးမယ်လေ "

" ခါတိုင်းလဲ မင်း ငါ့အိမ်လိုက်ပြီးတော့ မင်းဘဲချက်ပြုတ်နေတာဘဲကို ထူးဆန်းလို့လား "

" ဒီနေ့ မောင့်အိမ်လိုက်ခဲ့လေနော် "

" .... "

Taehyungတိတ်ဆိတ်နေတော့

" အချစ်ရေ လုပ်ပါနော် နော် နော် နော် "

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Jan 28 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

International Play Boy MgOnde as histórias ganham vida. Descobre agora