International Play Boy Mg_16

1.7K 126 7
                                    

Taehyungကျောင်းမှာ တစ်မနက်ခင်းလုံး မောင်ကိုမတွေ့ပါ။
မောင်တော်တော်အလုပ်ရှုပ်နေတယ်ထင်ပါတယ်

" Taehyungi Taehyungi "

" အော အော "

အတွေးလွန်ပုံက Min Yaungမ အော်ခေါ်ခေါ်တာမကြားသည်ထိ။

ဘေးပတ်လည်ကြည့်မိတော့ Eunwoo, BamBam, Jingoo တို့တောင် ရောက်နေသည်။ မောင်တော့မပါပါ။

" ကျွန်တော်တို့က နေ့လည်စာစားဖို့လာခေါ်တာ "

" အင်း အင်း သွားမယ်လေ "

" ငါတော့မလိုက်တော့ဘူး Taetae "

" ဘာလို့လဲ Mochiရ "

" ကိုကိုက_ "

" ငါ့အကိုက သူကိုနေ့တိုင်း နေ့လည်စာ လာကျွေးတယ် ရင်နာစရာအကောင်းဆုံးကလေ ဒီနှစ်ရက်အတွင်း ငါကိုဘယ်တုန်းကမှ မခေါ်သွားဘူး "

Jiminစကားမဆုံးသေး တတွတ်တွတ်၀င်ပြောတဲ့ Min Yaung

သူမကြည့်ရတာ ခံပြင်းနေပုံ။

" ခံပြင်းနေတာလား Yaungလေး အဲဒါဆိုရည်းစာထားလေ အေးလေ ရည်းစားမရှိတဲ့ မင်းလေး ဒါတွေနားမလည်ဘူး "

Mochiက အခုရက်ပိုင်း ကလေးပေါက်စလေးနဲ့ တူလှပါသည်။
အမြဲရန်လိုက်ထောင်ကာ ရည်းစားမရှိတဲ့ Min Yaungကို ရှက်ပလန်နဲ့ နှိမ်သည်။

" Taehyungi ငါကိုထိန်းထားစမ်းပါ မဟုတ်ရင် ဒီJiminကို အသေသတ်မိတော့မှာ "

" လာလေ ငါမှကိုကိုရှိတယ် နားလည်လား "

" ရားးးးး Park Jimin နင်ကိုဒီနေ့မှ မထိုးနိုင်ရင် ငါ Min Yaungမဟုတ်တော့ဘူး "

Jiminကတော့ ပြေးတော့တာလုံးနေတာပင်။
Min Yaungက အနောက်ကလ်ိုက် လူဆိုးမလေးကို သဘောကျတဲ့ Eunwooကလည်း အနောက်က လိုက်ရရှာသည်။

ကျန်ခဲ့တဲ့ သူတို့သုံးယောက်ကတော့ ရယ်နေကျရောသည်။

" ကန်တင်းမှာ စောင့်မယ်ဟေ့ "

BamBamက လှမ်းအော်ပြောသည်။

....

ထိုနေ့တစ်နေ့လုံးကျောင်းမှာ မောင်ကိုမတွေ့ပါ။

အိမ်ပြန်လာတော့ Taehyungသူ့ကားကို သွားယူပြီး ပြန်လာခဲ့တော့သည်။

International Play Boy MgWhere stories live. Discover now