International Play Boy Mg _13

1.7K 134 11
                                    

မနက်ကတည်းထွက်သွားတဲ့မောင် အခုည8နာရီထိုးတဲ့ထိ ပြန်မလာသေးပါ။

စိတ်ပူ‌လိုက်တာမောင်ရယ်

ဖုန်းကလည်း Mochiတို့အိမ်မှာ ကျန်ခဲ့သည်။

အိမ်ဖုန်းရှိသော်လည်း မောင့်ဖုန်းနံပါတ်က မမှတ်မိ။

မလှုပ်သာ မရုန်းသာအခြေအနေမှာ Taehyungတစ်ယောက် အိမ်ရှေ့‌ကဧည့်ခန်းမှာ သာထိုင်စောင့်နေရသည်။

တံခါးဖွင့်သံကြားလို့ နောက်လှည့်ကြည့်တော့ ‌တယိမ်းတယိုင်နဲ့ ‌မောင်

မောင်ကြည့်ရ‌တာ သောက်လာတဲ့ပုံ။

"Jungkook "

တံခါးကိုမှီကာ ခေါင်းမထောင်နိုင်လောက်အောင် မူးနေတဲ့ မောင်က ဘယ်လိုများ ကားမောင်းလာပါလိမ့်။

သူအသံကြားတော့ မော့ကြည့်တဲ့ မောင်

သူကိုကြည့်တဲ့ မောင့်မျက်၀န်းတွေက နာကျင်နေဟန်။

မောင့်မျက်၀န်းတွေကြောင့် သူ့ရင်မှာစူးကနဲ့

မင်းနာကျင်ရင် ငါလည်းနာကျင်ရတယ် မောင်

လဲကျတော့မယ် မောင်ဆီကို ပြေးသွားလိုက်သည်။

မောင့်ခန္ဓာကို ထိန်းလိုက်တော့ သူကိုယ်ပေါ်မှီကျလာတဲ့ မောင်

လူကအားနည်းနေသလို မောင့်ကနဂိုကတည်းက လေးတာကြောင့် နှစ်ယောက်သား မလဲတော့မလို ယိုင်နေလေသည်။

" Kim Taehyung Kim Taehyung "

" အင်း ငါ "

" Kim Taehyung ဟင့်~~~အီး~~~~ "

သူနာမည်ကို ခေါ်ကာ ငိုနေသော မောင်

" Jungkook ဘာဖြစ်လဲဟင် ဘာလိုငိုနေတာလဲ "

အလန့်တကြားမေးမိ‌ပါသည်။

မောင်က သူရဲ့ကိုယ်ကို မောင်ရင်ခွင်ထဲဆွဲသွင်းပြီ

" ကျုပ်အနားမှာဘဲနေ Kim Taehyung "

" အင်း ငါမင်းနားမှာဘဲနေမယ် "

Jungkookရဲ့ နောက်စကားတချို့ကိုတော့ Taehyungမကြားလိုက်ပါ။

Taehyungလည်း မောင်ကို အိပ်ခန်းဆီပို့ပေးလိုက်သည်။

International Play Boy MgWhere stories live. Discover now