International Play Boy Mg-5

2.3K 141 7
                                    


Uni

Lisaနဲ့ချိန်းထားတဲ့နေရာရောက်တော့ အေးဆေးထိုင်စောင့်နေတဲ့ အမျိုးကောင်းသမီး

ထိုင်နေပုံက ယောင်္ကျားလေးလိုလို ကျားကျားလျားလျား

" ရောက်လာပြီလား Jungkook "

" မင်းကလေတကယ်ဘဲ လမ်းခွဲတာတောင် ‌တခမ်းတနားလုပ်နေတယ် "

Jungkookလည်း ထိုင်ခုံမှာ ၀င်ထိုင်ရင်း စကားဆိုသည်။

" တကယ်တော့ နင်ကိုဖြေရှင်းချက်ထုတ်စေချင်လို့ "

Jungkookမျက်ခုံးတစ်ဖက် မြင့်တက်လာကာ

" ဘာ‌ဖြေရှင်းချက်လည်း မင်းရယ်ငါရယ် ဘာမှမဖြစ်ဘူးလေ "

ဟုတ်ပါသည်။
Lisaနဲ့ ချစ်သူဖြစ်မိတဲ့နောက် သူတို့ တစ်ပတ်တစ်ခါလောက်သာ တွေ့ဖြစ်တော့သည်။
အဲဒါတောင် ကျောင်းမှာအမှတ်တမဲ့‌တွေ့တာပင်။
Lisaနဲ့တွဲတာ သုံးလလောက်ရှိပြီပေ။
သုံးလအတွင်း ငါးခါလောက်သာတွေ့ဖြစ်သည်။

နဂိုကထဲက Jungkookက play Boy
လှတဲ့မိန်းက‌လေးမြင်ရင်ကြူမယ်
ငြီးငွေ့ရင် ပစ်ချခဲ့မယ်၊
ပူညံပူညံလုပ်တဲ့ မိန်းမတွေဆို Jungkookသိပ်မုန်း
ချွဲပြစ်လွန်းရင်လည်းမကြိုက်ပေ
ဒါပေမယ့် ယောင်္ကျားလေးဆန်ဆန်ကြီးလည်း မကြိုက်၊

Lisaက ခပ်အေးအေးသမား
ပူညံပူညံလဲမလုပ်
ချွဲလည်းမနေ
တစ်ခါတစ်လေ သူနဲ့Lisa ရည်းစားတွေဟုတ်ရဲ့လား မေးယူရသည်ထိ၊

Lisaကလည်း သ၀န်မတိုတက်သလို့ သူကလည်း သ၀န်မတိုတက်၊

သ၀န်တိုတယ်ဆိုတာ အလကားရယ်

" ငါကောင်မလေးကို နင်ပြောပြပေး နင်ရယ်ငါရယ်အကြောင်းကို "

စားပွဲထိုးလေးချပေးတဲ့ ရေသောက်ရင်း Lisa စကားကြောင့် ရေတောင်သီးသည်။

" ‌Fu*k ကောင်မလေး မင်းကgayနေတာလား "

" အွန်း ဟုတ်တယ် "

အံဩလွန်းလို့ ပါးစပ်တောင်မပိတ်နိုင်
မဖြစ်နိုင်လိုက်တာ Lisa က gayနေတယ်ဆိုတာ၊

" အစကထဲက နင်နဲ့တွဲတယ်ဆိုတာ သူသ၀န်တိုအောင် လုပ်ဖို့သက်သက်ဘဲ နင်ရှုပ်ပွေတယ်လေ အဲတော့ သူက ပိုစိတ်ပူတာပေါ့ "

International Play Boy MgWhere stories live. Discover now