International Play Boy Mg_9

1.8K 151 9
                                    

အလင်းရောင် ခပ်စူးစူးကြောင့် Taehyungနိုးလာတော့သည်။

Taehyungအဲလို့ အိပ်နေချိန် အလင်းရောင်စူးစူးတွေကို လုံး၀မကြိုက်ပါ။

မျက်လုံးမဖွင့်သေးပေမဲ့ ခေါင်းကိုက်ခြင်းက သေလောက်အောင်ပေ။
ဒါအပြင် အနောက်ကနေတအားဖမ်းဖက်ထဲတဲ့ လက်တစ်စုံကြောင့် အသက်ရှုတောင် ကြပ်မတက်ပေ။

Jeon Jungkook မှ ဟုတ်ပါစလေ။

ခါးထက်ကဖက်ထားတဲ့ လက်ကိုငုံကြည့်တော့ တက်တူးတွေနဲ့ပေ။
100% Jeon Jungkook ပေ။

ငါဘယ်လိုလုပ် ဒီကောင် အိမ်ရောက်နေပါလိမ့်
ဪ clubသွားတာဘဲ အရက်လည်းသောက်သေးတယ် အဲကြောင့် ‌ခေါင်းတွေအသေကိုက်နေတာကို။

" Jungkook Jungkook Jungkook ရေ "

" အင်း "

" နိုးပြီလား "

" အင်း နိုးပြီ "

" လွှတ်ပေးဦးလေကွာ "

" အင်း ခင်ဗျား ခေါင်းမူးတာ ခေါင်းကိုက်ဖြစ်လား "

ခါးထက်က လက်တွေကလျော့ကျကာ လွှတ်သွား‌လေသည်။
အဲအစား တက်တူးအပြည့်နဲ့ ညာဘက်လက်‌တစ်ဘက် Taehyung နဖူးပေါ်ကို ညင်သာစွာ ကျရောက်လာလေသည်။

" ခင်ဗျား သက်သာတယ်မလား "

" အင်း နည်းနည်းတော့ ခေါင်းကိုက်တယ် "

" ပြီးရောလေ ကျုပ်အဲဒါဆို အမူပြေဟင်းရည်ချက်ပေးမယ် "

ပြောကာ အခန်းထဲကထွက်သွားတဲ့ Jungkookနောက်ကျောကို ငေးကြည့်နေမိတဲ့ Taehyung

Jungkookရယ်
မင်းရဲ့ဒီလို ဂရုစိုက်မှုတွေ ငါတစ်‌ယောက်ထဲရချင်တယ် ပြောရင် လောဘကြီးသွားမလား
ဟက် Kim Taehyung မဖြစ်နိုင်တာတွေ မျှော်လင့်နေတာဘဲ

ကိုယ်ကိုကိုယ်အတွေးနဲ့ လှောင်ကာ
ရေချိုးခန်းထဲ ရေချိုးရန်၀င်သွားတော့
မှန်ရှေ့မှမြင်လိုက်ရတဲ့ ကိုယ်ရုပ်ကို မယုံနိုင်စွာပေ။

နှုတ်ခမ်း ဘာလို့ဘာလို့ ဖူးယောင်နေပါလိမ့်
အကောင်ကိုက်သွားတာလား
အရမ်းလည်းမနာဘူး
ထူးဆန်းလိုက်တာ

ရေချိုးပြီးတော့ Jungkook ဗီရိုထဲက သင့်ရာအင်္ကျီတစ်ထည်ကို ‌၀တ်လိုက်ပြီး သဘတ်တစ်ထည်နဲ့ ခေါင်းသုတ်နေလေသည်။

International Play Boy MgWhere stories live. Discover now