International Play Boy Mg_2

2.3K 136 0
                                    

လောလောနဲ့ ရောက်ချလာပါသော Yaung

" Minie ဘယ်လိုဖြစ်သွားလဲ "

" Jeon Jungkook က Taetae ကိုတွဲမယ်တဲ့ "

" အမေလေးး နောက်ဆုံးတော့ ငါတို့ Taehyungi ယောကျာ်းရတော့မယ်ပေါ့ "

" Min Yaung ငါတို့ပြောထားတဲ့ထဲမှာ တွဲတာမပါဘူးနော် "

" ရားး Kim Taehyung ဒါနည်းနောတဲ့ အခွင့်အရေးလား နင်သာ အကျိုးရှိရှိအသုံးချတက်ရင် Jeon Jungkook ကနင့်လူဖြစ်နိုင်တဲ့ အခွင့်အရေး "

" အင်းလေ Taetaeကလဲ မင်းCursh နဲ့ရည်းစားဖြစ်တာမပျော်ဘူးလား "

Taehyung သူ့သူငယ်ချင်းတွေရဲ့ စေတနာကို နားလည်ပေမဲ့ သူကိုယ်တိုင်က ရှေ့ဆက်မတိုးချင်တာဖြစ်သည်။

Jeon Jungkook လို့ Play boy က ရှိုက်ဖိုအသွယ်သွယ် အမို့အမောက်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းမလှတွေကိုတောင် အပျော်တွဲပြီး ပစ်ထားခဲ့သည်မဟုတ်လား။ သူလိုကိုယ်လိုယောကျာ်းအချင်းချင်းဖြစ်တဲ့ Taehyung ကို ကြာရှည်စွာလက်တွဲလိမ့်မယ်လို့ မထင်ပေ။

" ငါကအဆင်ပြေတယ် သူကငါ့လူ မဖြစ်လဲ "

" မရပါဘူး နင့်လူဘဲဖြစ်ရမယ် Jeon Jungkook က "

Yaung ကတော့ တထစ်ချပြောနေပေမဲ့ Taehyung ကတော့ ယုံကြည်ချက်မရှိပေ။ဒါပေမဲ့ Jungkook နဲ့ ဒီဆက်ဆံရေးကို အလေးအနက်ထားမျှော်လင့်မိချင်သည်။

တိတ်ဆိတ်ပြီး ထိတ်လန့်စရာကောင်းတဲ့ အခြေအနေကြောင့် Jimin စကားလမ်းကြောင်းရှာရတော့သည်။

" ထားတော့ ငါဗိုက်ဆာပြီး ကန်တင်းသွားမယ်နော် "

" အင်း "

Yaung က Jimin ရဲ့ ပါးဖောင်းဖောင်းလေးတွေကို လက်နဲ့ ဖိဆွဲပြီး

" ငါတို့ Minie လေးဗိုက်ဆာပြီးလား လာ လာ သွားစို့ "

စကားသံနဲ့ ဝေဝေဆာဆာဖြစ်သွားပါသော အခြေအနေကြောင့် Jimin ပြုံးလိုက်မိသည်။

....

" ရား Jungkook မင်းကောင်လေးတစ်ယောက်က ရည်းစားစကားပြောတာလိုက်ခံရတယ်ဆို "

နောက်ကျမှ ရောက်လာသော Eunwoo က တအံတသြ မေးသည်။
ဘေးက Yeo Jingoo , Bam Bam တို့ကလဲ စိတ်ဝင်တစားနားစွင့်နေကြသည်။

International Play Boy MgWhere stories live. Discover now