International Play Boy Mg_27 ( Past _1)

1.6K 109 3
                                    


Jimin နယ်သာလန်ကိုထွက်လာခဲ့လေသည်။

Bogum Hyungက အကျိုးအကြောင်းပြောသဖြင့် အကြောင်းအရာအကုန်လုံးကို သူသိခဲ့ပြီပေသည်။

Jimin သူကိုယ်သူသိပါသည်။
တစ်ချိန်က သူရဲ့စိတ်ပူပန်မှုဟာ သူရဲ့သူငယ်ချင်းကို ရင်ကွဲနာကျစေခဲ့မှန်း။

အခုတော့ Jiminက Taehyungစိတ်ပျော်မယ်ဆိုတာသာ ကူညီပေးမဲ့သူတစ်ယောက်ဖြစ်နေလေသည်။

လေယာဉ်ပေါ်မှာ ငြိမ်နေတဲ့ Jimin

" Ji ကလေး စိတ်ပူနေတာလား "

" နည်းနည်းပေါ့ "

" ကိုယ်လက်ကိုကိုင်ထား Ji "

Jiminပြုံးမိပါသည်။
ဒီနှစ်တွေထဲမှာ Taetaeတို့ကြောင့် ကိုယ်ကိုကိုယ်အပြစ်တင်စိတ်နဲ့ နေခဲ့ရ‌ပေမဲ့ ကိုကိုက သူဘေးမှာ အမြဲရှိနေခဲ့လေသည်။

ဒီအမျိုးသားကြောင့် Jiminမပြိုလဲခဲ့တာပင်။

ကိုကို့ကိုဖက်ပြီး

" ကျေးဇူးပါ ကိုကို "

" ဘာအတွက်လဲ "

" ကျွန်တော်အနားမှာ အမြဲရှိနေပေးခဲ့လို့ "

" မဟုတ်တာကွာ မပြိုလဲခဲ့လို့ ကိုယ်က Jiကိုကျေးဇူးတင်တယ် မင်းသာ ပြိုလဲရင် ကိုယ်လည်း ပြိုလဲမှာ ဘာလို့ဆို Jiက ကိုယ်ရဲ့အရာရာလေ "

တစ်ခါတစ်လေ ရေခဲတုံးကြီးက အဲလိုပြောတက်သေးပါသည်။

Jiminတစ်ယောက် ကိုကိုစကားကြောင့် ရင်ခုန်မိပြန်သည်။

နှစ်တွေဘယ်လောက်ကြာကြာ ကိုကိုနဲ့ဆို အမြဲသူရင်ခုန်သံတွေဟာ လက်ဆတ်နေဆဲပင်။

" ကိုကိုကတော့လေ ကျွန်တော်ကို ရန်ခုန်အောင်လုပ်တယ်နော် "

သူပြောတော့ ကိုကိုက သူနှုတ်ခမ်းလေးကို တမက်တမော နမ်းရှိုက်တော့သည်။

မောပန်းလာတဲ့ Jiminကြောင့် Yoongiရပ်လိုက်ရသည်။လူမြင်ကွင်းမှာဖြစ်တာလဲ ပါသည်မို့ပင်။

Jiminမှာ ပါးစပ်လေး ဟစိဟစိနေ အသက်ရှုနေရသည်။

လေကျင့်ခန်း ဘာဆိုဘာမှမလုပ်သော သက်လုံမကောင်းသော ကိုကိုက ဒီလိုအချိန်မျိုးဆို သက်လုံကောင်းချက်ကတော့ သူတောင်ဩချလောက်သည်။

International Play Boy MgWhere stories live. Discover now