international Play Boy Mg 25 past 2

1.8K 136 22
                                    

Jungkookတစ်ညလုံး စဉ်းစားနေခဲ့လေသည်။

သားလေးနဲ့ သူ့လူကို ဘယ်လို့ပြန်ယူမလဲဆိုတာ။

" မောင်က ခင်ဗျားရယ် သားလေးရယ်ကို ရအောင် ပြန်ယူတော့မယ် "

..

သားလေးကို ကျောင်းလိုက်‌ပို့ပေးရမှာကြောင့် Taehyungအ၀တ်လဲနေလေသည်။

ကိုက ဒီနေ့မအားတာ‌ပင်။

" ပါးပါး မပြီးသေးဘူးလား ကြာတာ "

နှုတ်ခမ်းဆူပြီး မျက်စောင်းတစ်ထိုးထိုးပြောနေတဲ့ သားငယ်ကို သူမှာအူယားလှပေသည်။

" ပြီးပါပြီ အကိုလေးရယ် "

" ဟွန်း ‌ပါးပါးက ကြာကိုကြာတယ် ပြောချင်ဘူး "

မပြောချင်တော့‌တာကြောင့် Yejunလည်း ကျောင်းလွယ်အိတ်လေးလွယ်ကာ လုံးတုံးလုံးတုံးလေနဲ့ အရှေ့ကထွက်လာခဲ့လေသည်။

Yejunက ဖေဖေနဲ့ပါးပါးရဲ့ သားဖြစ်ရတာ တကယ်ပျော်သည်။
‌ဖေဖေ‌ကလည်း သူကိုတအားချစ်သလို့
ပါးပါးကလည်း သိပ်ချစ်သည်။

အဖေ‌နှစ်ယောက်ရှိပေမဲ့ သူဘယ်တုန်းကမှ မျက်နှာမငယ်ဘူးပါ။

ကျောင်းကနီးတာကြောင့် Yejunနဲ့‌ပါးပါး လမ်းလျှောက်ကာထွက်လာခဲ့ကြလေသည်။

ကဗျာလေးတွေဆိုရင်း လမ်းလျှောက်လာတာ ကျောင်းတောင်ခဏနဲ့ရောက်လာလေသည်။

" သားဘေး အထဲ၀င်တော့နော် ပါးပါးမလိုက်တော့ဘူး "

" ဟုတ် ပါးပါး သတိထားပြန်နော် "

" ဟုတ်ကဲ့ပါ ခင်ဗျာ "

ပါးပါးကို နှုတ်ဆက်ကာ Yejunလည်း ကျောင်းလေးထဲ၀င်လာခဲ့လေသည်။

အထဲရောက်မှာ ပါးပါးကို နှုတ်ဆက်အနမ်းမပေးရသေးတာ သတိရသွားလေသည်။

Yejunလည်း ပါးပါးကို ‌ထွက်ကြည့်တော့ ကားနက်ကြီးတစ်စီးက ပါးပါးကို ခေါ်သွားလေသည်။

" ပါးပါး ဟင့် ~~ ပါးပါး "

...

Taehyungသားငယ်လေးကို နှုတ်ဆက်ပြီး အိမ်ကိုပြန်ရန် လှည့်ထွက်လာခဲ့သည်။

‌ခြေလှမ်းလေးလှမ်းလောက်လှမ်းပြီးနေ‌တုန်း
တစ်စုံတစ်ခါက သူကိုဆွဲခေါ်သွားလေသည်။

International Play Boy MgWhere stories live. Discover now