1

3.7K 35 0
                                    


မျက်ဝန်းနက်နက်တွေအားမှိတ်ချ၍တခဏတာငြိမ်သက်လိုက်သည်။
တညလုံးလုံလောက်စွာအနားမယူထားသည်မို့ခေါင်းမှာနောက်ကျိသလိုဖြစ်နေပြန်သည်
ခုံပေါ်မှ စီးကရက်ဗူးထဲမှတစ်လိပ်ကိုယူသလိုစီးကရက်ဗူးဘေးမှ
မီးခြစ်ပါယူ၍ထိုင်နေရာမှထသွားလေသူ!

ထိုသူသည် အခန်းပြတင်းပေါက်တစ်နေရာမှရပ်၍နှုတ်ဖျားမှစီးကရက်ငွေ့များအား ေလပြေအေးနှင့်မှုတ်ထုတ်နေပြန်သည်
ဆေးလိပ်ငွေ့တွေမှုတ်ထုတ်နေရင်းမှ သူ၏မျက်ဝန်းနက်နက်များမှ
တနေရာ၌အား စူးစိုက်စွာကြည့်
နေလေသည်။

"နေလ... "
အေးစက်စက်နှင့်
ထိုအသံသည်အခန်းတွင်ပြန့်နှံသွားလေသည်။
"ဗျာ...ဘာလို့လဲဆရာ "

လျှင်မြန်စွာအနားရောက်လာသည့်
​သူသည် ​
ထိုသူ၏ဘေးနားမှရပ်၍မေးလာလေသည်။

"ဟိုမှာ မြင်နေရတဲ့တစ်ယောက်က
ဘယ်သူလဲ နေလ"

ဆရာ ပြရာနေလကြည့်မိပြီး
ဆရာ့ဘက်အားပြန်လှည့်လာသည်။

"ကျတော်တောင်းပန်ပါတယ် ဆရာ
မနေ့ကအလုပ်ရှုပ်နေတာနဲ့မေ့သွားတယ်
သူမကဆရာ့ အစားအသောက်ကိုတာဝန်ယူပေးတဲ့အန်တီခင်မူခေါ်
လာတဲ့သူပါ
ဟိုတလောထဲက ခေါ်ခွင့်တောင်းလို့ခွင့်ပြုထားပြီးရောက်လာတော့
ဆရာ့ကိုမပြောမိလိုက်ရတာပါဆရာ"

နေလ၏စကားအဆုံး ထိုသူသည်
သူမရှိသောနေရာကိုသာစူးစိုက်ကြည့်နေမိသည်။
တခဏအကြာမှ လက်ထဲမှစီးကရက်အားတချက်ရှုရှိုက်ရင်းကပင်။

"နေလ ဒေါ်ခင်မူနဲ့အဲ့ကလေးမကိုသွားခေါ်လာခဲ့
ခေါ်ပြီးစာကြည့်ခန်းထဲကိုလာခဲ့လိုက်"

"ဟုတ်ကဲ့ ဆရာ
ကျတော့်ကိုခွင့်ပြုပါအုံး"

ဆရာ့အားဦးညွတ်၍အခန်းတွင်းမှ နေလထွက်သွားလေသည်။
အခန်းတွင်းကျန်နေခဲ့သူ နိုင်းမဟာစည်ဆိုသည့်သူမှာလည်းဆီးကရက်ကိုတစ်ဆွေ့ဆွေ့သောက်နေသလို
သူမရှ်ိနေတဲ့နေရာမှလည်းအကြည့်မလွှဲသေးပေ။

"မောင်နေလ ဆရာမနက်စာစားတော့မတဲ့လား"

မီးဖိုဆောင်တွင်းမှ မောင်နေလဆင်းလာသည်ကိုတွေ့မိ၍အန်တီခင်မူမေးလိုက်ရခြင်းပင်။

ရုန်းတော်မူ Where stories live. Discover now