3

1.1K 22 0
                                    


ဖြေဖဝါးနုနုနှစ်ဖက်အသွယ်မှာ
ထိုလူ၏အခန်းရှေ့တွန်ခြေစုံရပ်တန့်နေမိသည်။

"ဘာခိုင်းမလို့ပါလိမ့်"

အကုိနေလတောင်အခန်းတံခါးခေါက်ရလေသည်ကြောင့်
ခဝါတံခါးအားနှစ်ချက်အသာခေါက်လေပြီးဝင်ခဲ့လိုက်သည်။

ပထမဆုံးခံစားမိလိုက်သည်က
အေးစက်နေလေတဲ့အခန်းရဲ့​ေလထု!

တစ်ခန်းလုံးက မြင်ရယုံတမယ်မီးအလင်းရောင်ရှိသည်မို့ ခဝါမျက်လုံးလေးတွေဝေ့ဝိုက်ကြည့်လိုက်လေသည်။

"ဟင်...သူကဘယ်မှာလဲ'
ကြောက်စိတ်ကပိုများနေသည့်အတွက်
အခန်းတံခါးနားတင်ခြေစုံရပ်နေမိသည်!

ကျယ်ပြန့်လှတဲ့အိပ်ယာပေါ်မှာ
အကျီ်တွေချွတ်ပြီးတင်ထားတာတွေ့လေသည်
အိပ်ယာရဲ့မလှမ်းမကမ်းမှာလည်း
စားပွဲတစ်လုံးရယ် နှစ်ယောက်ထိုင်ခုံတစ်ခုံရှိလေသည်
အဲ့မလှမ်းမကမ်းမှာတော့ အခန်းတံခါးထပ်တွေ့လေသည်။

"ရေချိုးခန်းများလား ရေချိုးနေတာများလား
အို......"

မဟာရေချိုးပြီးထွက်လာချိန် အခန်းထဲရောက်နှင့်နေလေသောကလေးမအားတစ်ချက်လှည့်ကြည့်လေသည်။
ထိုနောက်!

"အဲ့မှာရပ်မနေနဲ့ ဒီလာခဲ့
ဒီခဝါပန်း"

တိတ်ဆိတ်ငြိမ်သက်နေသည့်အခန်းတွင်းမှာထိုလူကြီး၏အသံဟာအေးဆေးတည်ငြိမ်စွာထွက်ပေါ်လာလေသည်။

အခုမှရေချိုးပြီးပုံရသည်
အောက်ပိုင်းကိုပဝါတစ်ထည်သာပတ်ထားလေပြီးအပေါ်ပုိင်းမှာရှင်းလင်းနေသည့် ရင်ဘက်ကြီးကြီးကြောင့်
ခဝါအို့တိုးအန်းတန်းနှင့်
ထိုလူရှိရာအနားလျှောက်လာခဲ့ရတော့သည်။

မဟာစည်မှာလည်း သူရှိရာဆီအား ေခါင်းလေးငုံ့၍လာနေသောသူကြောင့် နှုတ်ခမ်းမှာအနည်းငယ်ပြုံး၍တွန့်ချိုးလေတော့သည်။

"အဟွန်း! ဒီကလေးမကြောက်နေတာပဲလား!

အိပ်ယာခြေရင်းနားမှာထိုင်နေသည့်ထိုသူ၏ရှေ့၌ခဝါခြေစုံရပ်လိုက်သည်
အနည်းငယ်တုန်နေသည်လက်တွေကြောင့်လက်နှစ်ဖက်အားပူး၍တင်းနေအောင်ဆုပ်ကိုင်ထားမိလေသည်။

ရုန်းတော်မူ Where stories live. Discover now