မခင်မူထမင်းအရင်စားပြီး၍
သိမ်းဆည်းနေချိန်တွင်
လူရိပ်တွေ့သဖြင့် လှည့်ကြည့်လိုက်လေတော့မခက်သွယ်ဖြစ်နေလေသည်
ကြောင့်အံ့သွားရလေသည်
သူ့နောက်တွင်လည်းအေးသက်ကပါလာလေသေးသည်။
ခဝါလေးထမင်းစားနေတုန်းမို့
မခင်မူသာသူမရှိရာဆီထွက်လာခဲ့လေသည်။"မခက်သွယ်! ဆရာမရှိဘူးရှင့်
ခရီးထွက်သွားပါတယ် ""ကျမသိတယ်!
ဒီမှာ ဘန်ကောက်ကိုသွားလို့
ကိုနိုင်းတွက်လက်ဆောင်ဝယ်လာလို့ လာပို့တာ"မခက်သွယ် ပေးသည့်အထုပ်
များအား
မခင်မူ ယူလိုက်လေသည်
ထိုနောက် စားပွဲဝိုင်းပေါ်သို့တင်လေတော့.....။"အို !ကျမဝယ်လာတာတွေကတန်ဖိုးကြီးတွေကြည့်ပဲ
သွား ကိုနိုင်းရဲ့ အခန်းထဲသွားထားပေး"
ဆရာ့အခန်းက ခဝါလေးပဲဝင်ခွင့်ရှိတာကြောင့်
မခင်မူ သူမအားကြည့်လေကာ။"ဆရာအခန်းကဆရာကလော့ချသွားပါတယ်
ဆရာ့အခန်းရှေ့မှာပဲ ထားထားလိုက်ပါမယ် "ဒေါ်ခင်မူအပေါ်ထပ်တတ်သွားသည်ကို ခက်သွယ်ကြည့်မိရင်းမှ။
"ကိုနိုင်းအခန်းကပိတ်ထားခဲ့တယ်တဲ့လား!
အေးသက် လက်ပြရာနောက်သို့လိုက်ဝင်လာလေတော့
မီးဖိုချောင်တွင်း ထမင်းစားပွဲမှာထမင်းစားနေလေသည် ဂြိုလ်သူမ။
ထိုသူမကတော့ခက်သွယ်အားကြောင်တောင်တောင်ဖြင့်ကြည့်နေလေသည်။ခက်သွယ်မှာ ဒီခဝါပန်း
အားကြည့်ရင်းမှသူမဘေးနားမှရှိသည့်အငွေ့တထောင်းထောင်းထနေသည့်ရေနွေးခွက်အားတွေ့၍
ကျိတ်ပြုံးလေ လိုက်သည်။"တို့နာမည်ကခက်သွယ်
ကိုနိုင်းရဲ့ အင်း !ဘယ်လိုပြောရမလဲ
ချစ်သူလို့ပဲပြောရမလား!
အဟင်း "ခဝါနားကို ဟိုတလောကတွေ့ဖူးသည့်အမက သူ့နာမည်ပြောရင်းအနားရောက်လာသည်မို့
ခဝါ စားနေတာရပ်၍ နားထောင်နေလိုက်သည်။"အော် !ဒါနဲ့ အေးသက်ရေ
တို့ကိုသူ့နားကရေနွေးခွက်လေးယူပေးပါလားတို့သောက်ချင်လို့"ခက်သွယ် အပြောကြောင့် အေးသက်သည်ခွက်ကိုလှမ်းယူဖို့ပြင်လေသည်
အေးသက်လက်ထဲခွက်အရောက်တွင်ခက်သွယ်သည်
အေးသက်အားအနောက်ကနေ
ခြေထောက်ချော်၍
တိုက်မိသလိုဖြစ်စေတော့သည်။