မနေ့ညက အကြောင်းရာတွေကြောင့် ဘုန်းမင်းတစ်ညလုံးကောင်းကောင်းအိပ်စက်၍မရခဲ့ပါ။ခဝါရဲ့ တုန်တုန်ရင်ရင်အသံနဲ့ ဖုန်းချတော့မယ် ပြောသွားသည်ကို
ဘုန်းမင်းပြန်ကြားယောင်လေလေ
စိတ်တွေတိုလေလေဖြစ်နေရမိသည်။တနေ့ကဖုန်းခေါ်လာသည့် အမထံ့သို့ဘုန်းမင်းဘက်မှစ၍ခေါ်လိုက်လေသည်။
တစ်ဖက်မှဖုန်းကိူင်လိုက်လေသည်ကြောင့်။"ကျတော် ဘုန်းမင်းပါအမ!
မနေ့က ကျတော်နဲ့ခဝါအဆက်သွယ်ရတယ်
ဒါပေမဲ့ပြောနေရင်းက ဟိုလူရောက်လာပုံရတယ် ချက်ချင်းကြီးဖုန်းချသွားတယ်""ဟုတ်လား ဒါဆိုမင်းသူငယ်ချင်းက အမပြောတဲ့တိုင်း ကိုနိုင်းကိုကြောက်ပုံရတယ်လေ!
ပြီးတော့ ကိုနိုင်းကလည်းအားလုံးကိူထိန်းချုပ်ထားပုံပဲ"တစ်ဖက်မှမပြောကြောင့် ဘုန်းမင်း
စိတ်တွေလေးလံလာရတော့သည်။"ဒါဆို ကျတော်ဘာလုပ်သင့်လဲ
အကြံပေးပါအုံးအမရယ်!
ကျတော် ခဝါကိုစိတ်ပူတယ်
သူ့ကို အမခေါ်ထုတ်ပေးလို့မရဘူးလား""အင်း! တို့လည်းအများကြီးတော့မပြောပေးတတ်ဘူး
သးနေတဲ့နေရာနဲ့ဖုန်းနံပတ်လောက်ပဲတို့သိတာလေ
အပြင်ကိုလည်းခေါ်ထုတ်လို့မရဘူး
ကိုနိုင်းကတချိန်လုံးအနားမှာရှိနေတာကြောင့်လေ""အိပ်လိပ်စာရှိတာလား
အာ့ဆို ကျတော့်ကိုပေးပါ ကျတော်သွားကြည့်ကြည့်မယ်"တစ်ဖက်မှပြောနေသည်ကြောင့် ဘုန်းမင်းထိုင်နေရာမှအမြန်ထ၍ စာရွက်ကိုယူဘောပင်နှင့်အိပ်လိပ်စာကိူမှတ်ထားလိုက်သည်။
ခဝါကိုသွားတွေ့ရမယ် ဟို့လူဆီကနေရအောင်ပြန်ခေါ်ထုတ်မယ်။"ကျေးဇူးပါပဲအမ
အမဘယ်သူမှန်းမသိပေမဲ့ အခုလိုကူညီပေးတဲ့တွက်တကယ်ကျေးဇူးတင်ပါတယ်"ဖုန်းချပြီးတာနဲ့အရင်ဆုံးအလုပ်ကိုခွင့်တင်ဖို့ရန်သွားဖို့ပြင်လေသည်။
အဲ့ကပြန်ရင် ခဝါဆီအရောက်သွားရလိမ့်မည်။
!
ကလေးမအိပ်မောကျနေတုန်းပေမဲ့
ကိုယ်ဆက်အိပ်၍မပျော်တော့သည်ကြောင့် မျက်နှာသစ်ပြီး၍အဝတ်စားလဲနေချိန်
နေလ ဆီမှဖုန်းဝင်လာသည်ကြောင့် ကိုင်လိုက်လေသည်။
![](https://img.wattpad.com/cover/343133519-288-k605457.jpg)