5

965 18 0
                                    


"တောက်စ်! အဲ့ကောင်မကဘယ်သူလဲ
ဘာလို့ကိုနိုင်းကအရေးတယူဆက်ဆံနေရတာလဲ"

ကုိနိုင်းအိမ်မှာပြန်လာလေသည့်လမ်းတစ်လျှောက်
ခက်သွယ်ဒေါသများထွက်နေမိသည်။

"ဘာတွေလဲ !ကိုနိုင်းမှာမောင်နှမဆိုတာမှမရှိတာ
သူကဘယ်သူလဲ"

ခက်သွယ် စိတ်တွေကိုလျှော့ချနေရင်းမှ လူတစ်ယောက်ဆီအားဖုန်းခေါ်လိုက်လေသည်။

"ငါ့ကိုလူတစ်ယောက်ကြောင်းစုံစမ်းပေးစမ်းပါ
နိုင်းမဟာစည် အိမ်မှာရှ်ိနေတဲ့ ဒီခဝါပန်း ဆိုတဲ့မိန်းမအကြောင်းကိုအကုန်ငါသိချင်တယ်
မြန်လေကောင်းလေပဲ"

တစ်ဖက်မှပြန်အပြောကိုနားထောင်ပြီးလေကာမှ
ခက်သွယ် ဖုန်းချလိုက်တော့သည်။

"မရဘူး !ကိုနိုင်းကိုသွယ်ပဲပိုင်စေရမယ်
သွယ်ကိုနိုင်းကိုလိုအပ်တယ်
ကိုနိုင်းကိုသွယ်လက်မလွှတ်နိုင်ဘူး"!
!
ခဝါမျက်နှာသစ်အဝတ်စားလဲ၍ထွက်လာလေတော့
အိမ်မှာဘယ်သူမှရှိမနေတော့ပေ။

ထမင်းစားခန်းကိုဝင်လာလေတော့အန်တီမူသည်စားစရာများကိုသိမ်းနေလေသည်မို့
ခဝါအပြေးဝင်၍ကူသိမ်းပေးမိသည်။

အန်တီမူသည် ခဝါအားတွေ့တော့
ပြုံး၍ကြည့်နေလေသည်ကြောင့်
ခဝါစိတ်မလုံစွာအနေရကျပ်သွားမိတာအမှန်ပင်။

"ဟို! အန်တီမူ ဘာလို့လဲဟင်!
ခဝါကိုပြောစရာရှိလို့လား"

"ကဲ !လာဒါတွေသိမ်းပြီး
အန်တီနဲ့မနက်စာအရင်စားမယ်"

အန်တီမူကရှေ့မှထွက်သွားသည်မို့
ခဝါသိမ်းစရာတွေသိမ်းပြီးမီးဖိုခန်းကစားပွဲမှာထိုင်လိုက်လေသည်။

ထမင်းကြော်နဲ့ကြ က်ဥကြော်လေးရဲ့အနံ့ကခဝါဗိုက်အားပိုလို့စာနေ​
အောင်လုပ်နေသလို.....။

အန်တီမူကသူသိမ်းတာတွေသိမ်းပြီးခဝါရှေ့မှထိုင်၍ ခဝါစားဖို့ထည့်ပေးလေကာ။

"ကဲ !စားလို့ရပြီခဝါလေး"

"ဟီး !ဟုတ် အန်တီမူ!
မွှေးနေတာပဲ အဝစားပြစ်မယ်"

သူမကြော်ထားလေသည့်ထမင်းကြော်အား အားရစွာစားနေသည့်ခဝါလေးအားကြည့်၍သူမပြုံးမိသည်။

ရုန်းတော်မူ Where stories live. Discover now