7

863 18 0
                                    


"ဆရာ ကျတော်တို့သွားကြည့်သင့်တယ်ဆရာ
ဆုံးရှုံးမူ့များတယ် "

နိုင်းမဟာစည်  လက်ဖြင့်နံထင်အားဖိ၍ခဏတာဖိထောက်ထားမိသည်။

အင်း! အခုဆိုမဟာခရီးသွားရမှာကိုမလိုလားတော့ပေ။
အဆိုးဆုံးကဒီအိမ်နဲ့ ဒီကလေးမနဲ့ဝေးရာဆီသို့မသွားချင်တော့တာဖြစ်လိမ့်မည်။
သို့သော်....

"အသင့်ပြင်ထားတော့နေလ
ခဏနေဆင်းမယ်
ငါအခန်းဆီခဏသွားအုံးမယ်"

"ဟုတ်! ဆရာ
ပြင်ထားလိုက့်ပါ့မယ်"

အိပ်ခန်းဘက်သို့မဟာစည်ဝင်လာလေတော့ကလေးမသည်
အိပ်ယာထပ်မှာအိပ်မောကျနေလေသည်။
သူမဘေးလေးမှာငြှင်သာစွာထိုင်လေပြီး
ကလေးမအားကြည့်လေရင်းမှ...။

"အိပ်ပျော်သွားပြီပဲ!
ကိုယ့်ကလေးမလေးက.."

နှာထိတ်နီနီလေးအားအသဲယားလေစွာဖြစ် ခပ်ဖွဖွလေး
ညှစ်ပြစ်လိုက်သေးပေမဲ့
ဒါတောင်မှမနိုးလေ တကယ့်ကိုအိပ်ပုတ်မလေးပါလားမင်းက....

"ချစ်စရာကောင်းတယ်!
ကိုယ်ခရီးသွားရအုံးမယ် ကိုယ့်ကိုလွမ်းနေပေးနော် "

ပါးပြင်လေးအားမြတ်နိုးစွာနမ်းရှိုက်လိုက်လေသည်
ဒီကလေးမကိုဘာလို့စောစောများမတွေ့ခဲ့ရတာလဲ...
ဒါပေမဲ့လည်း အခုချိန်မှာကိုယ့်နားမှာမင်းရှိနေပြီပဲ
မင်းကိုလည်းကိုယ်ဘယ်ကိုမှထွက်သွားခွင့်ပြုတော့မှာမဟုတ်ဘူး
ကိုယ့်ကလေးမလေး။
!
"အန်တီမူ ဒီနေ့ကိုကိုကြီးအလုပ်
အစောကြီးသွားတာလားဟင်
ခဝါပုံမှန်နိုးချိန်မှနိုးတာကိူ ကိုကိုကြီး
ကုိ မတွေ့တော့လို့"

အပေါ်ထပ်မှ ပြေးဆင်းလာလေ၍အန်တီမူအားခဝါဟန်မဆောင်နိုင်စွာမေးရပြန်သည်။

'သမီးရဲ့ကိုကိုကြီး
ကအလုပ်ကိစအရေးကြီးလို့*****ကိုညတွင်းချင်းဆင်းသွားတယ်ကွယ့်"

"ရှင် ..."

ခဝါမှာ ရင်ထဲဟာတာတာတာကြီးဖြစ်သွားတော့သည်။
ဒီရောက်ထဲကမိုးလင်းအိပ်ယာနိုးတာနဲ့ကိုကိုကြီး
မျက်နှာကိုတွေ့ရ မြင်ရနေကျမို့
အခုတော့ ခဝါရင်ထဲတကယ်ကိုဟာတာတာကြီးဖြစ်ရလေသည်။

ရုန်းတော်မူ Where stories live. Discover now