13

826 21 0
                                    


"ဘာလို့လဲ"
သူမလက်လေးကိုဆွဲရင်းအပေါ်တတ်ဖို့အပြင် နောက်မှသူမ၏ခြေလှမ်းများရပ်တန့်သွားလေ၍
ကိုယ့်မှာေနာက်ပြန်ကြည့်ရမေးရတော့သည်။

ကိုယ့်ကိုသေချာစူးစိုက်ကြည့်နေသည့်ကောင်မလေးကြောင့်
ကိုယ်သူမအနားကပ်လိုက်လေသည်။

"ဘာတွေကြည့်နေတာလဲ ကိုယ့်ကို"

ကိုယ်မေးလိုက်ချိန်မှာပဲ
ကိုယ့်ရင်ခွင်ဆီကပ်လိုက်သည်ကြောင့် ဘာများလဲ လို့ကိုယ်ငုံ့ကြည့်လိုက်လေသည်

ကိုကိုကြီးရင်ဘက်မှအကျီ်ကိုနမ်းရှိုက်လေတော့ ခုနကအနံ့မျိုးမရတော့ပဲ ကိုကိုကြီးဆီကရနေကျကိုယ်သင်းရနံ့မျိုးသာရလေသည်မို့
ခဝါ ကိူကိုကြီးအားမော့ကြည့်လေကာ။

"အစောက ကိုကိုကြီးဆီကနေအမွှေးနံ့တစ်မျိုးရတယ်!
ကိုကိုကြီးရဲ့ကိုယ်သင်းရနံ့မျိုးမဟုတ်တဲ့အနံ့"

ကိုယ်အရမ်းအံ့သြသွားရသည်။
ဒီကလေးက ဒီလိုအသေးမွှားတွေတောင်သတိထားတတ်သူပဲလား။
ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ မဟုတ်ဘူးတဲ့
ဒီကလေး ဘယ်လိုမှတ်မိနိုင်နေရတာလဲ။

"ကိုယ့် ကိုယ်သင်းရနံ့ကိုမင်းကမှတ်ထားတယ်ပေါ့!
ဟုတ်လား "

ကိုယ်မေးလိုက်လေတော့ ပါးမို့မို့လေးနှစ်ဖက်မှာရှက်သွေးဖြာသွားတာကို
ကိုယ်တွေ့လိုက်ရလေသည်။

"ဟို! ကိုကိုကြီး နဲ့ကအချိန်တိုင်းလိုအတူရှိနေရတော့ မှတ်မိနေ တာပါ"

"အဟွန်း!မင်းက အလည်လေးပဲ!
အပေါ်သွားရအောင်"

ခဝါလက်ဖဝါးကိူပြန်ဆုပ်ကိုင်၍
အပေါ်တတ်လာလေရင်းမှ
ခဝါ ကိူကိူကြီးကိုယ်ကြည့်နေမိသည်။
အစောက ရလုိက်တဲ့ရေမွှေးအနံ့မျိုးက မိန်းခလေးတွေအကြိုက်အနံ့မျိုးလေးပဲ။
ကိုကိုကြီး ဘယ်သူနဲ့များတွေ့ခဲ့ပါလိမ့်။
!
ဖုန်းနံပါတ် ကိုကြည့်၍ ခေါ်သင့်မခေါ်သင့်ဘုန်းမင်း အကျပ်ရိုက်နေလေသည်။

ကိုယ်ခေါ်တဲ့ချိန် သူဖုန်းပြောရတာလွတ်လပ်မူ့ရှိပါ့မလား
ဟိုလူကဖုန်းကောပြောခိုင်းပါ့မလားဆိုသည့်စိတ်ကကြီးစိုးနေသောကြောင့် တွန့်ဆုတ်နေမိခြင်းဖြစ်သည်။

ရုန်းတော်မူ Where stories live. Discover now