12

862 18 0
                                    


"ဟို !ကိုကိုကြီး ခဝါနိုးပြီ
ဟီး ..အကြာကြီးအိပ်မိသွားတယ် "

နေ့လည်စာစားပြီးထဲက ကိုယ့်အခန်းထဲမှာ အိပ်ခိုင်းလိုက်သည့်ကလေးမက ညနေသုံးနာရီကျော်ကျော်မှပဲနိုးလာလေတော့သည်။

ကိုယ်ပေးထားသည့်အကျီ်နဲ့က ကိုယ်မြင်ဖို့အတွက်ပဲသင့်တော်တာကြောင့် နေ့လည်ထဲက
မခင်မူကို ဂါဝန်တစ်ထည်ထည့်ပေးခိုင်းထားတာလေကာ
ကိုယ်ထိုင်နေရာမှထ၍ ခုံနားမှသူမအကျီ်ထုပ်လေးယူ၍
ကလေးမလေးနားဆီလာခဲ့လိုက်သည်။

"အိပ်ရေးဝရဲ့လားကောင်မလေး"

အနားကိုရောက်လာသည့်ကိုကိုကြီးကမေးလာသည်ကြောင့်
ခဝါပြုံးမိရင်းမှခေါင်းညိတ်ပြလိုက်လေသည်။
ကိုကိုကြီးက ခဝါကို သူခေါ်ချင်သလိုခေါ်တဲ့အတိုင်းကိုလည်း သဘောကျမိနေတော့ပါရဲ့။

မျက်နှာပြည့်ပြည့်လေးကို ကိုယ့်နှာတံတွေနစ်မွန်းစေတဲ့ထ်ိဖိကပ်နမ်းနေလေတော့
ကိုယ်သေးသေးလေးကတုန်လန့် လန့်သွားတာကို ကိုယ်သတိထားမိလိုက်​သေည်။

နမ်းနေရာမှရပ်၍ ကလေးမကိုကြည့်လိုက်မိတော့ မျက်ဝန်းတွေထဲမှာကြောက်နေသည့်အရိပ်ယောင်တွေတွေ့နေရလေတော့သည်။
နေ့လည်ကလုပ်လိုက်မိတာကြောင့်
သူကြောက်နေပြီလေမလား။

"ကိုယ်ဘာမှမလုပ်ပါဘူး
ကိုယ့်ကိုအဲ့လိုကြောက်​ေနတဲ့အကြည့်မျိုးနဲ့မကြည့်နဲ့
ကိုယ်နောက်ဆိုဆင်ခြင်မယ်နော်!
ေရာ့! ဒါလေးသွားလဲပြီးပြန်ထွက်လာခဲ့
အခုဟာက လူမြင်လို့အဆင်မပြေဘူး"

"ဟုတ်! ခဝါလဲလိုက်မယ်
ဒါလေးခဝါပြန်ယူခဲ့လိုက်မယ်လေ
ခဝါလျှော်ပြိီးရင် ကိုကိုကြီးကိုပြန်ပေးမယ်လေ"

ကိုယ့်အကျီ်ကိုသူ့လက်သေးသေးလေးနဲ့ထိုးပြပြီးပြောနေသူကြောင့်
ကိုယ် သဘောကျ၍နှုတ်ခမ်းဖျားများတွန့်ချိုး၍ပြုံးမိလေရတော့သည်။

"မလုိပါဘူး! လဲပြီးရင်အဲ့မှာပဲထားခဲ့"

"အာ...ဟုတ်ကဲ့!
ဒါဆို ခဝါအကျီ်လဲလိုက်အုံးမယ်လေနော်"

ကိုယ့်ကလေးမကိုခေါင်းညိတ်ပြလိုက်လေတော့ ကိုယ့်အခန်းဆီပြေးဝင်သွားပုံလေးကို
ကိုယ်ပြုံးပြုံးကြီးနှင့်ကြည့်မိရပြန်သည်။
အချိန်ကိုက်လေး Topကနေပြန်လာသည့် နေလမှာလက်ထဲမှ
ဖိုင်တွေတပုံကြီးနဲ့အခန်းထဲဝင်လာသည်ကြောင့်
ကိုယ်ထိုင်ခုံဆီသို့ထိုင်လေ၍...

ရုန်းတော်မူ Where stories live. Discover now