18

754 14 0
                                    


"အဖွား...ကိုကို့လုပ်ပုံကိုလည်းကြည့်အုံး။
ဆုရည်နဲ့အဖွားစေတနာကိုအရမ်းစော်ကားတာပဲ"

ဆုရည်ဝမ်းနည်းဒေါသထွက်ကာအဖွားကိုပြောမိတော့သည်။
ကိုကိုဟာ မနက်စာတောင်မစားနိုင်ပဲဟိုကောင်မလေးကိုဂရုစိုက်နေပုံကိုဆုရည်ဘယ်လိုမှလက်မခံနိုင်ပေ။

"မြေးရယ်။ နေပါအုံး!
အဖွားအပေါ်ကိုလိုက်ကြည့်ပါအုံးမယ်"

"အဖွား....!ဆုရည်လည်းလိုက်ခဲ့မယ်နော်"
အဖွားသွားသည့်နောက်မှဆုရည်ပါလိုက်ခဲ့လေသည်။
ကိုကိုအဲ့ကောင်မကိုဘယ်လောက်တောင်သဲသဲလှုပ်နေလဲဆိုတာ
အဖွားသိသင့်တယ်မလား။
!
"ကလေး....!ဘာလုပ်နေတာလဲ
ပြန်အိပ်နေတာလား"

သူမအတွက်ယူလာတဲ့မနက်စာဗန်းကို ကုတင်ခြေရင်းမှခုံပေါ်သို့တင်လေရင်းမှ
အိပ်ယာထပ်မှကောင်မလေးကိုမေးလိုက်ခြင်းဖြစ်သည်။

ကိုယ့်အသံကြောင့် ပြတင်းတံခါးဘက်လှဲကာနေသူမှ ထလာ၍ကိုယ့်ကိုကြည့်လာလေသည်။

"ဟင့်အင်း !မအိပ်ပါဘူးကိုကိုကြီး။
ဒီတိုင်း ခဏပြန်လှဲနေတာ"

ကိုကိုကြီးသည်ခဝါရှိရာကိုလာလေသည်။
ကိုကိုကြီးရဲ့တည်ကြည်ခန့်ညားနေတဲ့မျက်နှာလေးကိုခဝါမျက်တောင်ပင်မခက်တန်းငေးမောနေမိသည်။

ကိုကိုကြီးလိုပြီးပြည့်စုံနေတဲ့သူမျိုးကခဝါကို ချစ်နိုင်ပါ့မလား။
အင်း ကိုကိုကြီးကခဝါကိုချစ်တယ်လို့တောင်မပြောပဲ
ခဝါကိုလက်ထပ်မတဲ့လား။
ကိုကိုကြီးရဲ့စကားတွေကိုခဝါယုံမိလိုက်လို့ဖြစ်ပါ့မလား။

"အဟွန်း !ကိုယ့်ကိုဘာတွေငေးနေတာလဲ။
ချစ်စရာလေးပါကွာ။လာပါအုံး"

ကိုယ့်ကိုကြည့်နေသည့်မျက်ဝန်းလဲ့လဲ့နဲ့ချစ်စရာကောင်မလေးကို
ကိုယ်ဘက်ရှိရာဆွဲမ၍ပါးပြင်လေးဖွေးဖွေးလေးအား
ကိုယ့်နှုတ်ခမ်းသားများဖြင့်ထိတွေ့စေလိုက်သည်။

"ကိုကိုကြီး....!ကိုကိုကြီးအဖွားတို့ပြန်သွားပြီလားဟင်"

"​မပြန်သေးဘူး။ ခဏနေပြန်ကျမှာပါ။
ဘာလို့လဲ"

ကိုကိုကြီးကိုခဝါခေါင်းခါပြလိုက်လေသည်။
ခြေရင်းစားပွဲပေါ်ကစားစရာဗန်းကိုကြည့်ကာ။

ရုန်းတော်မူ Where stories live. Discover now