16

774 13 0
                                    


"အိမ်ကိုကျတော်ခေါ်ထားလိုက်တာပါ။
ကျတော်အလုပ်ရှုပ်နေတာကြောင့်
အဖွားကိုဘာမှမပြောဖြစ်တာ"

ကိုယ့်ကလေးမအား အကဲခတ်၍ကြည့်နေသော အဖွားကြောင့်
ကြောက်နေလောက်မည့်ကောင်မလေးလက်လေးကို
ကိုယ့်လက်များဖြင့်တင်းကျပ်စွာဖြစ်ညှစ်ထားလိုက်သည်။

"အင်း! ဘာပဲဖြစ်ဖြစ် မြေးရယ်
အိမ်ပေါ်ထိမယူသေးပဲခေါ်ထားတာမကောင်းပါဘူးကွယ်။
နောက်ပြီး သူ့မိဘတွေကကော ဘာမှမပြောကျဘူးလား"

"သူ့မှာ မိဘတွေမရှိတော့ပါဘူး
ဒါကြောင့် ကျတော် ပဲအုပ်ထိန်းသူအနေနဲ့ခေါ်ထားလိုက်တော့တယ်။
မဂ်လာပွဲကတော့ သူ့အတွက်အချိန်လိုအုံးမယ်ထင်လို့ ဘာမှမစီစဥ်သေးဖြစ်ပါဘူး"

ကိုကိုကြီး  ပြောလိုက်သည့်စကားများကြောင့်
ခဝါအရှေ့မှ အဖွားနဲ့ဘေးမှကောင်မလေးရဲ့မျက်နှာတွေကသိသာစွာပျက်သွားကျပြီး
ခဝါဆီအကြည့်ရောက်လာကျသည်ကြောင့် ခေါင်းကိူပြန်ငုံ့ထားမိတော့သည်။

"ဒါဆို ကိုကိုတို့က သူအဆင်သင့်ဖြစ်ပြီဆိုရင်ယူကျတော့မှာလား!
ဟုတ်လား ကိုကို"

ဟန်မဆောင်နိုင်စွာဖြင့်ဆုရည်မေးလိုက်မိတော့သည်။
မိဘမရှိငွေကြေး ဂုဏ်
ဘာမှမပြည့်စုံတဲ့ ဒီရှေ့ကကောင်မလေးကို ကိုကိုကယူမယ်တဲ့လား။

"အင်း! သူအဆင်သင့်ဖြစ်ပြီလို့
ပြောတဲ့ချိန် လက်ထပ်မှာပေါ့"

ကိုယ့်ကိုတိုက်ရိုက်မေးလာသည်မိန်းခလေးကို ကိုယ့်ကလေးမမျက်နှာလေးကိုကြည့်လေရင်းမှအဖြေပေးမိလေသည်။

စောသေးပါတယ် ကိုယ့်ကလေးမ
ကိုယ်နဲ့နေသားကျပြီး ကိုယ်မှကိုယ်
ဖြစ်လာတဲ့အချိန်
ကိုယ့်ကို ချစ်မိလာမဲ့အချိန်မှ
ကိုယ်မင်းကိုလက်ထပ်ခွင့်တောင်းမိမှာပါ။
!
"မင်းကမိဘမရှ်ိဘူးဆိုတော့ အရင်ကကောဘယ်သူနဲ့နေလဲ"

​ကုိကိုကြီးက သူ့အလုပ်ကိစ
ဖုန်းဝင်လာလို့ ထွက်ပြောသည့်အချိန်မှာ
ခဝါကိုမေးလာသည့်မေးခွန်းကြောင့် ခဝါစားနေရာမှရပ်လိုက်လေသည်။

"အရင်က ေဂဟာမှာနေပါတယ်"

"ဂေဟာ ဟုတ်လား!
ဂေဟာဆိုတာ မိဘမဲ့ဂေဟာကို​ပြေနေတာလား"

ရုန်းတော်မူ Where stories live. Discover now