19

966 17 1
                                    


"ကိုယ်နဲ့တကယ်အတူနေချင်တာဟုတ်လို့လားကလေးရဲ့"

ကိုကိုကြီးအမေးကြောင့် ခဝါမျက်နှာလေးပူရှိန်းသွားသည်ခံစားလိုက်ရသည်။

"ဟုတ်...!နေချင်ပါတယ်ကိုကိုကြီး။
ခဝါနဲ့အတူနေပေးမယ်မလား"

တကယ်ကိုအတည်ပေါက်ကြီးပြောနေတဲ့ကိုယ့်ကလေးမကြောင့် ကိုယ့်မှာပျော်ရခက်မပျော်ရခက်ဖြစ်နေရတော့သည်။
ကိုယ်သူမနဲ့ထိတွေ့မိတိုင်း ကိုယ်ကြမ်းရမ်းပြစ်ချင်သည့်စိတ်ရှိခဲ့ပေမဲ့ ကိုယ်အမြဲထိန်းချုပ်ခဲ့တဲ့အချိန်တွေဟာများခဲ့လေသည်။
နုနယ်လွန်းတဲ့ကောင်မလေးကို ခံနိုင်ရည်မရှိသေးမှာကိူယ်သိပ်စိတ်ပူမိတယ်။
နောက်...ကိုယ်ဆိုတဲ့လူဟာလည်း ဒီကလေးကိုယ် စိတ်ထဲမှအတွေးမှာတောင် သိပ်ကြမ်းပြစ်တာမျိုးဆိုတော့ တကယ်သာအတူနေဖြစ်ရင် ကိုယ့်ကလေးမကို ကိုယ်သက်ညှာပေးနိုင်မယ်လို့ကိုယ်အာမ မခံနိုင်သေးလေပါ။

"စောပါသေးတယ် ကလေးလေးရယ်။
ကိုယ့်ကလေးကခံနိုင်ရည်မရှိသေးပါဘူး"

"ဟင့်အင်း! ခဝါခံနိုင်ရည်ရှိပါတယ်။
ကိုကိုကြီးကြိုက်သလို ဟို ရတယ်လေ"

မနည်းကိုအားမွေးပြီး ပြောနေမိပေမဲ့ ရင်ထဲမှာတော့ ခဝါအတော်လေးရင်တုန်နေမိတာ ကိုယ်ကိုတိုင်သာအသိဆုံးဖြစ်လိမ့်မည်။

ကိုကိုကြီး တခြားမိန်းမဆီပါသွားမှာဆိုးတာကြောင့်သာ ခဝါနေမယ်ပြောနေပေမဲ့
တကယ်လည်းနေဖြစ်တဲ့ခါဆို ကိုကိုကြီးပြောသလိုခဝါ ကိုကိုကြီးရဲ့အချစ်တွေကိုခံနိုင်ရည်ရှိလေပါ့မလား။

"ဟုတ်ပြီ...!အခုတော့မဟုတ်သေးဘူးနော်။
အခုက ကလေးကျမ်းမာရေးသိပ်မကောင်းသေးတော့ ကိုယ်ဘာမှမလုပ်ရက်ဘူး"

"ဟုတ် !ဟုတ်ကဲ့ကိုကိုကြီး"

"လိမ်မာလိုက်တာ ကိုယ့်ကလေးလေးက။
ဒါလေးကုန်အောင်စားနော် ဒါမှအားတွေရှိပြီးနေကောင်းပျောက်မှာ"

ကိုကိုကြီးရဲ့စကားကြောင့် ခဝါရင်ထဲအတော်ပျော်မိသွားရသည်။
ခဝါမြန်မြန်နေကောင်းအောင်နေရမယ်။
ဒါမှကိုကိုကြီးက ခဝါကိုထိတွေ့လာမှာမလား။
!
"အဖွား...!ကိုကိုကားခြံထဲဝင်လာနေပြီ"

ရုန်းတော်မူ Where stories live. Discover now