"မခင်မူ! ဒီခဝါပန်း ဘယ်မလဲ"မောင်နေလကိုဖုန်းဆက်ပြီးမကြာအိမ်ပြန်ရောက်လာသောဆရာ့ကြောင့် မခင်မူ ဟင်းချက်နေကာက
အိမ်ရှေ့ထွက်လာရလေသည်။"အပေါ်မှာပါဆရာ
ကိုယ်လေးငွေ့နေတာမလို့မုန့်ကျွေးထားပြီးပေမဲ့
ဆေးတိုက်တာမသောက်ဘူးဆရာ!
ငိုမဲ့မဲ့လေးလုပ်နေတာမလို့ ကျမလည်းမတိုက်ရသေးဘူးဆရာ""အော် !ဟုတ်ပြီ"
ကိုယ်မခင်မူနဲ့ပြောပြီးတာနဲ့အပေါ်အပြေးတတ်လာရတော့သည်။
သူမအခန်းမှာပဲရှိနေမှာသိတာကြောင့်ကိုယ်သူ့အခန်းကိူသာဦးတည်ခဲ့သည်။
အိပ်ယာထက်မှာခွေခွေလေးလှဲနေသူကြောင့် ကိုယ်သက်ပြင်းချမိရင်း
အနားကိုအမြန်သွားလိုက်လေသည်။ကုတင်ထက်ကိုယ်တတ်ထိုင်ပြီး
နဖူးပြင်လေးကို ကိုယ်စမ်းကြည့်လေတော့မျက်လုံးလေးများပွင့်၍ကိုယ့်ကိုကြည့်လာလေသည်။
စောင်ကိုဖယ်ချကာ သူမကိုယ်လေးကိုပွေ့၍ရင်ခွင်ထဲဆွဲသွင်း၍ဖက်ထားမိပြန်သည်။"ကိုယ်အရမ်းမပူဘူး!
နေလို့မကောင်းဘူးလား""ဟင့်အင်း !နေမကောင်းဘူး
နုံးညောင်းနေလို့"တကယ့်ကလေးလေးတိုင်း ချွဲသံသာသာနဲ့ကိုယ့်ကိုပြောလာတာကြောင့် နိုင်းမဟာစည် တို့ရင်ထဲအသဲတယားယားရယ်ပါ။
"ဟုတ်လား !အအေးမိတာနေမှာ
ဆေးတိုက်တာဘာလို့မသောက်တာလဲ"ကိုယ်မေးလေတော့ ရင်ခွင်ထဲကနေခေါင်းလေးခါပြလေသည်။
"မသောက်ချင်ဘူး !ခါးလို့"
"မရဘူးလေကောင်မလေးရယ်!
မသောက်ရင် မင်းဆေးရုံသွားပြီးဆေးထိုးရမှာနော်"ကိုယ့်စကားကြောင့် ရင်ခွင်ထဲကရုန်းထွတ်ပြီး
သူ့ခေါင်းအုံးလေးပေါ် ပြစ်လှဲအိပ်လိုက်သူကြောင့် ကိုယ်ပြုံးမိရသည်။
စိတ်ကောက်တာလား ဒါလေးက။"အဲ့တာဘာဖြစ်ရတာလဲ!
ဆေးသွားသောက်ကျမယ်! ထတော့""ဟင့်အင်း! မသောက်ချင်ဘူး!
ခဝါ နေကောင်းပြီ"ကိုယ့်ကိုတောင်မကြည့်ပဲ ရွတ်နေတဲ့ကောင်မလေးကို ကိုယ်ပြုံး၍ကြည့်နေရာမှမျက်နှာထားကိုတည်တင်းလိုက်သည်။
ထို့နောက်တွင်။